fattyAugust 12, 20112min11010
ကျနော်အခုတင်နေတဲ့ပန်းချီပြပွဲက ၁ဝ ရက်နေ့ကဘဲ ပြီးသွားပါပြီ ..။ ဒါကြောင့်လက်ကျန်ပုံတွေ တင်လို့ရသမျှတင်ပေးလိုက်ပါတယ်။ ဗိုလ်ချုပ်ဈေး ပန်းချီပြခန်းက တပါတ်တခါပြောင်းပါတယ်။ အခု နောက်ပြပွဲတခု စနေပါပြီ။ ရောက်ဖြစ်ရင် စိတ်ကြိုက်ပုံလေးတွေ တင်နိုင်အောင်ကြိုးစားပါ့မယ်။ အရင်ပိုစ်မှာတင်ထားတဲ့ ပုဂံဘုရားပွဲပုံ နဲ့ နွားလည်းချွတ်ပြီးနားနေပုံက ပန်းချီကားတကားကို ၃ သိန်းပါ။ ပြခန်းကိုဆက်သွယ်ပြီးဝယ်ယူနိုင်ပါတယ်။ ဖုံးနံပါတ်တော့မသိသေးပါဘူး ။ နောက်ဆုံး မင်းသားမင်းသမီး ၂ပါးသွားကဟန် က ကောက်ရိုးပန်းချီပါ။