introMarch 29, 20111min17515
အမိမြန်မာနိုင်ငံကို သံယောဇဉ် ကြီးလွန်းလို့၊ နိုင်ငံတကာအလယ်မှာ မျက်နှာငယ်ရမှန်း သိပေမဲ့ ခုချိန်ထိ စာအုပ်နီလေးတွေကို မစွန့်လွှတ်နိုင်ရက်လို့၊ ဒီစာအုပ်နီကလေးကို တန်ဘိုးကြီးကြီး ပေးပြီး ကိုင်နေကြတဲ့သူတွေ အများကြီးပါ။ ကျောင်းသားတွေ၊ အလုပ်သမားတွေက အစ သံဃာတော်များ အဆုံး ဒီစာအုပ်နီလေးတွေကို ကိုင်ထားကြတာ အများကြီးပါ။ ဒီစာအုပ်တန်ဘိုးကလည်း သိကြတဲ့အတိုင်း သေးတာ မဟုတ်ဘူး။ အထူးသဖြင့် မြန်မာနိုင်ငံကို အလည်အပတ်ပဲ ဖြစ်ဖြစ်၊ အကြောင်းကိစ္စတခုခုနဲ့ပဲ ဖြစ်ဖြစ် ပြန်တော့မယ် ဆိုရင် ဒီစာအုပ်ကလေးတွေက တန်ဘိုးရှိမှန်း သိလာလိမ့်မယ်။ ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာ၊ ခွင့်နဲ့ပြန်ကြောင်း ထောက်ခံစာ၊ အလုပ် မလုပ်ကြောင်း ထောက်ခံစာ စသဖြင့် ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိဘူးတဲ့ ထောက်ခံစာ ယူဖို့ သံရုံးကို သွားရပါလိမ့်မယ်။ ဒီအခါမှာ သံရုံးကို နောက်ဆုံးအချိန်ထိ […]