ကို ၿပံဳးMarch 17, 20131min2224
(မြန်မာ နိုင်ငံအတွင်းရှိ တရုတ်စီးပွားရေး လုပ်ငန်းများ၊ တရုတ်-မြန်မာ နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ နှင့် ပတ်သတ်ပြီး ပြောင်းလဲ လာနိုင်သော တရုတ်-မြန်မာ ဆက်ဆံရေး အကြောင်း ရေးသားထားသော ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်)           မြန်မာ့ဒီမိုကရေစီရထားကြီး  ၂ နှစ်ခန့်ခုတ်မောင်းခရီးနှင်ခဲ့ပြီဖြစ်ရာ ယနေ့တွင် ခလုတ်ကန်သင်းများသော၊ အကွေ့အကောက်များသော၊ လမ်းအစိတ်အပိုင်းတစ်ခုသို့ရောက်ရှိဖြတ်သန်းရလျက်ရှိနေသည်။ ရည်မှန်းချက် ဘူတာသို့ရောက်ရန် ဤလမ်း၊ ဤနေရာ၊ ဤအချိုးအကွေ့တို့အား မဖြစ်မနေဖြတ်သန်းရမည်ဖြစ်သည်။ အတိမ်းအစောင်းမခံသည့်ကာလအတွင်း ဂီယာအချိန်းအပြောင်းနှင့် စီယာရင်အထိန်းအကြောင်း မှန်မှသာရှေ့ခရီးကို ဆက်နိုင်မည့်သဘောဖြစ်သည်။ ဆိုလိုသည်မှာ ခလုတ်ကန်သင်းနှင့်တူသော စိန်ခေါ်မှုများကို ဖြတ်သန်းနိုင်ရန် အတွက် အခြေအနေအရပ်ရပ်ကို မှန်ကန်စွာသိမြင်သုံးသပ်၍ အန္တရာယ်ကင်းသောဆုံးဖြတ်မှုမျိုးကို ရွေးချယ်နိုင်ရန် လိုအပ်ခြင်းဖြစ်သည်။ နယ်နိမိတ်အရှည်လျားဆုံးထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံကြီးနှင့် မြန်မာနိုင်ငံတို့ကာလရှည်လျားစွာ ချစ်ကြည်မှုတည်ဆောက်နိုင်ခဲ့သည်ဆိုသည်ကို မငြင်းနိုင်သော်လည်း လက်ရှိအခြေအနေများအရ အရှေ့ဘက်က […]


BayoteMarch 29, 20101min700
မြန်မာ ပြည်ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုကြီး ရဲ ့အောင်ပွဲ နိဒါန်းကို စတင်လိုက်ပါပြီ။ လူအမြောက်အများ အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်ရုံးရှေ ့ကို သွားနေကြပါတယ်။  အစည်းဝေး ကို နေလည် တနာရီမှာ စတင်မှာ ဖြစ်ပါတယ်။  ဗဟိုကော်မတီဝင်အစုံအလင် သွားနေကြပါတယ်။ လူများက ခရမ်းချဉ်သီးများ ဘူးသီးများကိုလည်း ယူဆောင်လာကြပါတယ်။ ဗဟိုကော်မတီတွေက မှတ်ပုံတင်ဖို ့ဆုံးဖြတ်လိုက်မယ် ဆိုရင် ပေါက်ရန်လို ့သိရပါတယ်။  ဒါပေမဲ ့ အဖွဲ ့ချုပ်ဥက္ကဌ ဦးအောင်ရွှေ က ဖင်မှာသွေးစု နာပေါက်လို ့ အစည်းဝေး မတက်နိင်ကြောင်းခွင့်တိုင်ထားတဲ့အတွက်  ပွဲမစခင်ကတည်း က မှတ်ပုံတင်ရေးဖက်က တပ်ပျက်နေသလောက်တော့ ဖြစ်သွားပါတယ်။  သူက မလာနိင်ပေမဲ ့ သဝဏ်လွှာ ကို ပေးပို ့ထားတယ်။ သဝဏ်လွှာမှာတော့ အများစုဆုံးဖြတ်တာကို သူထောက်ခံပါကြောင်းပြောထားပါတယ်။ […]