Oo BoApril 4, 20101min1184
ဧပြီလ ၁ ရက် တရားဝင်အတိုက်အခံပါတီမရှိဘဲဒီမိုကရေစီမဖြစ်နိုင် ရွေးကောက်ပွဲမဝင်ရန်အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်ကဆုံးဖြတ်ခဲ့သည်။ ပါတီသက်တမ်းတစ်လျှောက်နိုင်ငံရေးလုပ်ဟန်အရရှေ  ့နောက်ညီညွတ်     သည်ဟုဆိုနိုင်သည်။ ရွေးကောက်ပွဲဆိုင်ရာဥပဒေများသည်နိုင်ငံရေးအင်အားစုတစ်ခုခုကိုချိန်ရွယ်၍ထုတ်ပြန်ခြင်းမဟုတ်ဟုငြင်းခုံလိုကငြင်းခုံနိုင်သည်။ သို ့သော်လူပုဂ္ဂိုလ်ကို ဗဟိုပြု၍တည်ထောင်ထားသောအဖွဲ ့အစည်းတစ်ရပ်အဖို ့ထိုပုဂ္ဂိုလ်ကိုရုတ်တ ရက်ချက်ချင်းစွန် ့ပစ်ရန်မဖြစ်နိုင်။ အထူးသဖြင့်ထိုသူမှာအချိုးနှိမ်ခံ ထားရ (incarcerated) သည့်အချိန်မျိုးတွင်ပို၍မဖြစ်နိုင်။ ထို ့ကြောင့်ရွေးကောက်ပွဲမဝင်ရန်ဆုံးဖြတ်ချက်သည် နိုင်ငံရေးအရဆုံးဖြတ် ခြင်းမဟုတ်ဘဲ “ရွေးကောက်ပွဲဝင်ဖို ့စဉ်းတောင်မစဉ်းစားဘူး”ဟုမှတ်ချက် ပေးလိုက်သောအကျဉ်းကျခေါင်းဆောင်နှင့်တသားတည်းရှိကြောင်းပြသ သည့် “ခံစားချက်” ကလာသည့် “ဖြစ်ချင်ရာဖြစ်”ဆုံးဖြတ်ချက်မျိုးဖြစ်သည်။ တဘက်တွင်လည်းရွေးကောက်ပွဲဝင်ရန်အတွက်ပါတီကိုအသစ်တဖန်မှတ်ပုံမတင်လျှင်နိုင်ငံရေးပါတီတရပ်အဖြစ်မှအလိုလိုပျက်ပျယ်စေရမည်ဟုဥပဒေကဆိုထားပြန်ရာတင်းမာသောလမ်းကြောင်းကိုချဖြစ်အောင်ဆော်ဩခဲ့သူများ သည်စစ်အစိုးရကပါတီဆိုင်းဘုတ်ကိုလာ၍ဆွဲချပစ်မည့်နေ ့ကိုထိုင်စောင့်နေ ကြရင်းNGO ဆန်ဆန်လူမှုကူညီရေးလုပ်ငန်းတွေပြောင်းလုပ်ကြမလိုလို၊ မြေ အောက်လှုပ်ရှားမှုလုပ်ငန်းတွေဘဲလုပ်ကြမလိုလိုလေသံပစ်နေကြသည်။ NGO ပုံစံဖြင့်လူမှုကူညီရေးလုပ်ရန်စိတ်ကူးမှာ ကျောင်းထိုင်ဘုန်းကြီးဘဝနှင့် အနှစ် ၂ဝ ကြာနေလာခဲ့ပြီးကာမှ ဗြုံးစားကြီးလူထွက်၍ဆိုက်ကားနင်းစားဖို ့ စိတ်ကူးတာနှင့်တူနေလိမ့်မည်။ အတော်ကိုးရို  ့ကားယားနိုင်သည်။ ဤစိတ်ကူးကိုလေသံပစ်သောလူကြီးတစ်စုသည်NLD ကသာဤလုပ်ငန်းကို လုပ်လျှင်အနောက်နိုင်ငံတွေကအလှုငွေတွေအလုံးအရင်းနှင့်လာလိမ့်မည်။ ထိုအခါကျမှစီးပွားရေးပိတ်ဆို ့မှုအောက်တွင် […]