kaiJanuary 27, 20101min1853
( ၂၄.၁.၂၀၁ဝ ) နေ့ ကမယ်ဆိုတဲ့ မိုးဒီ၊မော့စ်၊မေတ္တာနဲ့ ခင်လှိုင်တို့ရဲ့ တိုကျိုဆာကူရာ ပျော်စရာအငြိမ့် မလုပ်ဖြစ်တော့တဲ့အကြောင်း သိကြမှာပေါ့။ မသိရင်အောက်မှာ ၊ မဇျိ္စမကမူရင်းသတင်းတင်ပေးလိုက်ပါတယ်။ ၊ မဇျိ္စမ မှာပါတဲ့သတင်းအရရန်ကုန်မင်္ဂလာဒုံလေဆိပ်ကထွက်ခါနီးမှာမှလ.၀.ကက ပတ်စ်ပို့တွေကို သိမ်းလိုက်ပြီး ပေးမသွားတာပါတဲ့ခင်ဗျာ..။ အငြိမ့်အဖွဲ ရ ဂျပန်ပေးမသွားတာဟာနိုင်ငံရပ်ခြားတွင် စစ်အစိုးရနှင့် ပတ်သက်ပြီး ပြက်လုံးထုတ်မည်ကို စိုးရိမ်သောကြောင့် လို့ ပြည်ပရောက် သီးလေးသီး အငြိမ့်အဖွဲ့ ခေါင်းဆောင် လူရွှင်တော် ဂေါ်ဇီလာက ပြောတယ်လည်း ရေးထားပါတယ်။ ပွဲအတွက်လက်မှတ်တစ်စောင်ကို ယန်း၄၅၀ဝနဲ့ရောင်းထားပြီးလို့ လက်မှတ်ဝယ်ထားသူတွေ ကို တော့ ပွဲကို ရက်ရွှေ့ထားပြီး ငွေပြန်လိုချင်ရင် ငွေပြန်အမ်းပေးမယ်ဖြစ်ကြောင်းပြောပါတယ် ။ အဲဒီအကြောင်း တိုကျိုက မိတ်ဆွေတွေ နည်းနည်း တီးခေါက်ကြည့်တော့ …ဒီလိုပွဲမျိုးတွေလုပ်ရင် ရုံငှားခ၊ လေယဉ်စရိတ် စတာတွေနဲ့ […]