natureSeptember 24, 20111min1924
၂၂။ သိုက်ဆရာတယောက်၏ အမှု (The Musgrave Ritual) တနေ့သော စနေနေ့ ညနေ အချိန်တွင် ကျွန်တော်နှင့် ဦးစံရှား တို့သည် အိမ်ဦးခန်းတွင် ထိုင်လျှက် အမှု စုံထောက်ရန်မရှိသဖြင့် အရိပ်ပြပွဲသို့ သွားရန် ပြင်ဆင်နေကြစဉ် အသက် ၃ဝ ခန့်ရှိသော ယောကျာင်္းတယောက်သည် အိမ်ပေါ်ထပ်သို့ တက်လာ၍  ဦးစံရှား၏ လက်ကို ဆွဲပြီးလျှင် – “မိတ်ဆွေကြီးနဲ့ ကွဲနေတာ ကြာလှပြီ အခုမှပဲ ကိစ္စရှိလို့ တွေ့ရပေတော့တယ်” ဟု ဝမ်းသာအားရ ပြောလေ၏။ ထိုအခါ ဦးစံရှားက “အလို ကိုကျော်မင်းပါလား ဘယ်တုန်းက ရောက်လာသလဲ ၊ ခင်ဗျား သထုံမှာ နေတယ်ဆို ” မင်း။  ။ ဟုတ်ကဲ့၊ သထုံ ဒိစတြိတ် […]


natureSeptember 17, 2011378min1250
ကျနော်ဟာ ရှားလော့ဟုမ်းဝတ္ထုကို ငယ်ငယ်လေးကတည်းကကြိုက်ခဲ့တာပါ။ ကျွန်တော်လိုပဲ ရွာသားများလဲကြိုက်ကြမယ်ထင်ပါတယ်။ ပထမတော့ စာဖတ်သူများရဲ့စိတ်ဝင်စားမှုရှိမရှိ သိချင်တာနဲ့ …မျှော် …. ဆိုတဲ့စကားလုံးလေးတခုတည်းနဲ့ပိုစ်တင်ခဲ့ပါတယ်။ ဦစံရှားရဲ့ ဘောင်ဒရီလမ်းလူသတ်မှု ဟာ  နာမည်ကြီးလို့ အရင်ဆုံး စတင်ဖို့ စိတ်ကူးပါတယ်။ ရေးရင်းရေးရင်းနဲ့ အင်မတန်ရှည်သော အရှည်ဆုံးပို့စ်တခုဖြစ်မှန်းသိလို့ ဆက်မရေးဖို့ စိတ်ကူးမိပါတယ်။ Reading Count တွေကို ကြည့်တော့ တက်လာတာနဲ့ ပြီးအောင်ဆက်ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျနော်လည်း သူများတွေရေးတဲ့ဇာတ်လမ်းတွေ တဝက်တပျက်နဲ့ ရပ်ထားရင်မကြိုက်လို့ ကိုယ်ချင်းစာပြီး ဆက်ရေးတာပါ။ ဇာတ်လမ်းပင်မ မပျောက်အောင် အနည်းငယ် ချုံ့ရေးလိုက်ပါတယ်။ တိုတာလေးတွေထပ်ရေးပေးဖို့ စိတ်ကူးထားပါတယ်။ ပို့စ်အဟောင်းတွေ ဘယ်နေ့က ဘယ်ပို့စ်တွေတက်တယ်ဆိုတာကို အောက်ဖက်ကညာဒေါင့်က ပြက္ခဒိန်မှာ pointer ထောက်ကြည့်လိုက်လို့ရပါတယ်။ ရွှေဥဒေါင်း ဦးစံရှားပေါင်းချုပ် ပုဂံစာတည်းအဖွဲ့၏ မှတ်ချက် ထုုတ်ဝေသူ၏ ကျေးဇူးတင်လွှာ […]