natureMay 29, 20111min32415
ရွာသူရွာသားအပေါင်းတို့ရေ၊ ဘုရားဟောတဲ့ လူခိုးလို့မရတဲ့ အဖိုးတန်တဲ့ ပညာဆိုတာ ဘာလဲ ? ပညာ ဆိုတာ ရွှေအိုးနဲ့တူတယ်ဆိုတာကတော့ ဘယ်သူမှ အငြ င်းပွါးမယ်မထင်ပါဘူး၊ အတတ်ပညာကို အရင်းအနှီး ပြုပြီး ချမ်းသာတဲ့လူတွေကို လက်ညှိုးထိုးပြလို့ရပါတယ်၊ တချို့ကတော့ရွှေအိုးရှိမှ ပညာဝယ်လို့ရမယ်လို့ပြောတဲ့သူလည်း ပြောနေကြပါတယ်။ အခု MG မှာရေးတာလေးတွေကို တွေ့ပြီးစိတ်ကူးရတာနဲ့ ရေးလိုက်တာပါ၊ ငယ်ငယ်တုန်းကတော့ ဒီစကားပုံလေးကို ပေါ့ပေါ့ပဲ သဘောထားခဲ့ပါတယ်၊ အခုစဉ်းစားမိတာက လူခိုးလို့ မရတဲ့ ပညာဆိုတာ ဘာလည်းလို့- ဥပမာ-ရွှေလုပ်နည်းလို အဖိုးအရမ်းတန်တဲ့ ပညာတခုရထားပြီဆိုပါစို့၊ ဒီပညာကို လူခိုးလို့ မရဘူးလား၊ တကယ့်ကို မီလီယံဘစ်ဇနစ်  ဖြစ်လို့ လူတိုင်းက အနုနည်း အကြမ်းနည်း တွေနဲ့ တရားတဲ့နည်းရော မတရားတဲ့နည်းရော နည်းမျိုးစုံသုံးပြီး ရယူဖို့ကြိုးပမ်းကြမှာ မလွဲပါဘူး၊ ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်မေးရင်လဲ […]