natureJuly 19, 20111min57
၃ ကြော်ငြာအရ ရောက်လာသူ   ထိုညည့်၌ ဦးစံရှားသည် ဝါသနာအိုးဖြစ်သည့်အလျှောက် ဂျူဗလီဟောရုံကြီးသို့ ..တေးကြီး ဘွဲ့ကြီးများ နားထောင်ရန် ထွက်သွားလေရာ ကျနော့်မှာ သူရိယ မဂ္ဂဇင်းအတွက် ဝန်ခံထားသော ဝထ္ထုကလေး တပုဒ်ကို စီကုံးရေးသားနေရစ်လေ၏။ သို့ပါသောလည်း ကျနော့်မှာ ဝထ္ထုဇာတ်ကြောင်းကို စိတ်အာရုံစိုက်ရန် မဖြစ်နိုင်ပဲ ကိုးဇီးဗီလာ အိမ်၏ ဧည့်ခန်းထဲတွင် ပက်လက်ကြီးလန်လျှက်ရှိသော အလောင်းကြီးကိုသာလျှင် မျက်စိထဲတွင် တပေါ်တည်း ပေါ်လျှက်ရှိရကား နောက်ဆုံး၌ လက်မှ ကလောင်တံကို ချထားလိုက်ပြီလျှင် ကုလားထိုင်ပေါ်တွင် အားပါးတရ စိတ်ကူးနေလေ၏။ ထိုအလောင်းသည် နဂိုအားဖြင့် အရုပ်ဆိုးရုံမျှမက ရက်စက်ကြမ်းကြုတ်ခြင်း ဟော့ရမ်းသော့သွမ်းခြင်း ၊ ဆိုးတေရမ်းကားခြင်း စသော အခြင်းအရာတို့မှာ ယင်း၏ မျက်နှာတွင် ထင်ရှားစွာ တွေ့မြင်နိုင်ရကား ကျနော့်မှာ ထိုသူ၏ အဖြစ်ကို […]


natureJuly 17, 20111min51
ပစ္စည်းများမှာ ၃ ရတီခန့် ရှိသော စိန်လက်စွပ် တကွင်း ၊ စိန်ကြိုးနှင့် ရွှေလက်ပတ်နာရီ ၁လုံး ၊ တစ်ဆယ်ကျပ်တန် စက္ကူ ၅ချပ် ပါသည့် သားရေအိတ်ကလေး ၁လုံး ၊ မူးစေ့ မတ်စေ့ ၁၃ ပဲ၊ ..ဝေဿက. ဟူ သော အမည်ပါသည့် ကားချပ်လေး ၃ချပ် ၊ စာ ၂စောင် ၊ တစောင်မှာ ရန်ကုန်စာတိုက်ကြီးမှ ကျေးဇူးပြု၍ မစ္စတာဝေဿကသို့ ပေးရန် ဟူ၍၎င်း နောက်တစောင်မှာ ရန်ကုန်စာတိုက်ကြီးမှ ကျေးဇူးပြု၍ မစ္စတာဟိန္နကသို့ ပေးရန် ဟူ၍၎င်း လိပ်တပ်ထား၏။ ထိုစာ ၂ စောင် စလုံးမှာ သောမတ်ကွတ်ဘဏ်တိုက်မှ ကလကတ္တားမြို့ထွက် သင်္ဘောအကြောင်း နို့တစ်ပေးသော စာများဖြစ်လေသည်။ ပထမစာကို […]