natureSeptember 11, 20111min741
2.4 မှအဆက်- တင် ။ ။ဒါထက် အလောင်းနံဘေးမှာတွေ့တဲ့ဦးထုတ်အသစ်ကို ဆရာသတိထားမိရဲ့လား။ ရှား။ ။ ထားမိတယ် ဒါလဟိုဇီလမ်း တိုက်နံပါတ် ၃၃၉ အိုရီရန်တယ် ဦးထုတ် ကုမ်ပဏီက ။ ကိုသန်းတင်မှာ ထင်သလောက်အသားမယူနိုင်သဖြင့် ဂွကျသွားလေ၏။ တင်။ ။ဪ ဆရာလည်း သတိပြုမိတာကိုး။ နို့ အဲဒီဆိုင်ကော ဆရာရောက်သေးလားဆရာ။ ရှား။ ။မရောက်ပေါင်ဗျာ။ တင်။ ။ဒီတချက်တော့ ဆရာရှန်းသွားတာကိုး ၊ သဲလွန်စဆိုတာ ကြီးသောငယ်သော ရွေးမနေပဲ တွေ့သမျှ ကောက်လိုက်ရတာမျိုးကလား ဆရာရဲ့။ ဒါထက် အိုရီရန်တယ် ကုမ္ပဏီ သွားပြီးစုံစမ်းတော့ ဘရွတ်ကင်းလမ်း တိုက်နံပါတ် ၄၈ မှာ နေတဲ့ မစ္စတာ ဝေဿက ဆိုတဲ့ လ ူကမှာသွားလို့ .. အော်ဒါမိတ်.. […]