natureJune 4, 20111min1468
မျှော် …. ၂။ဘောင်ဒရီလမ်းလူသတ်မှု ၁။ လူသတ်မှုအစ ကျွန်တော်သည် ထိုသူ၏အဖြေကို ကြားရသောအခါ ဦးစံရှား၏ တွေးလုံးမှန်ပါပေသည်ဟု ချီးမွမ်းမိသော်လည်း တမင်ချိပ်လုပ်နှပ်ခြင်းဖြစ်လေသလောဟု မသင်္ကာသလိုဖြစ်မိသေး၏၊ သို့ရာတွင်ကျနော်ကဲ့သို့သောလူတယောက်ကို အပင်ပန်ခံ နှပ်လောက်အောင် အကြောင်းကိုမူကား ရှာမတွေ့ချေ။ ကျနော်သည် ဦးစံရှား ၏ မျက်နှာကို လှမ်းကြည့်လိုက်သောအခါ ဦးစံရှားမှာထိုသူ၏ စာကို ဖတ်ပြီးဖြစ်သဖြင့် စဉ်းစားတွေဝေဟန်နှင့်ရှိလေသည်။ ကျနော်။ ။ခုနင်ကလူကိုခင်ဗျား ဘယ်နှစ်ခါတွေ့ဘူးသလဲ။ ရှား      ။   ။ ဒီတခါပဲတွေ့ဘူးတယ်။ ကျနော်။ ။ခင်ဗျား တွေးပုံတွေးနည်း ပြောပြစမ်းပါဦးဗျ။ ရှား      ။   ။ ။နှစ်နဲ့နှစ်ပေါင်းရင်ဘာကြောင့် လေးဖြစ်တယ်ဆိုတာ ရှင်းပြစမ်းပါဆိုရင် အဖြေရခက်သလိုပဲ ၊ကျုပ်ဟာလည်းသူတပါးကိုရှင်းပြဖို့ ခပ်ကြပ်ကြပ်ပဲဗျ။ ဘယ်သူမဆို ဆယ်ကျောင်းမှာနေပြီး […]