natureSeptember 16, 20111min780
၂.၅ မှ- ဒဿကသည် မြင်းတကောင်ကိုဆွဲလျှက် အလယ်မှလားပေါ်တွင် ချန္ဒရာကို တင်လျှက် နောက်ဆုံးမှ ဖလိက က မြင်းတကောင်ကိုစီးလျှက် တညဥ့်လုံး ခရီးသွားကြလေ၏။ ပါတလိပုတ္တရနယ်နမိတ် အစွန်သို့ ရောက်သောအခါ သေနတ်ထမ်းလျှက်ရှိသော ကင်းစောင့်က အသင့် အနေအထားနှင့် ၅၊၆၊၇၊ ဟုပြောလိုက်သောအခါ ဒဿက က ရ၊ ၈၊ ၉၊ဟု ပြန်ပြောလိုက်သဖြင့် သွားကြတော့ဟု ခွင့်ပြုလိုက်လေသည်။ ထိုအခါ ဒဿကတို့သည် မြင်းပေါ်သို့တက်၍ ခပ်သုတ်သုတ်နှင်လာကြပြီး စိတ်ထဲတွင်လည်း လွတ်ပြီ ၊ ကျွတ်ပြီဟူ၍ အောက်မေ့မိကြလေသတည်း။    ၅ ဆင်ပြောင်ကြီး အမြီးတစ်လစ်။   ဒဿကတို့အဖွဲ့သည် တနေ့လုံး ခရီးသွားကြ၍ မိုင် ၃ဝ ခန့် ပေါက်ရောက်ခဲ့ကြပြီဟူ၍ ခန့်မှန်းကြလေသည်။ ထိုညဉ့်၌ ယင်းတို့သည် အေးချမ်းလှသောလေမှ […]