natureJuly 11, 20151min47828
N+080715 ရန်ကုန်မြို့ကားဂျမ်း မန်းဂေဇက်ရွာထဲမှာစရေးခဲ့တဲ့ပိုစ့်ကတော့ ဘုရင့်နောင်ကားဂျမ်းအကြံပေးပါဆိုတဲ့ပို့စ်ကလေးပါပဲ။ အခုတော့ ရန်ကုန်တမြို့လုံးပဲကားဂျမ်းဖြစ်ကုန်ပါပြီ။ အရီးလတ်ရဲ့တာဝန်ပေးချက်အရ စဉ်းစားလို့ရသလောက် ဉာဏ်မှီသလောက်ရေးလိုက်ပါတယ်။ ဘုရင့်နောင်ကားဂျမ်းဆိုတာက ဆန် ကြက်သွန်အာလူး ကုန်ခြောက် ငါးခြောက်တွေရောင်းတဲ့ တနိင်ငံလုံးကိုဖြန့်တဲ့ အဓိကဒိုင်ဖြစ်တဲ့အတွက် ကားအဝင်အထွက်များပါတယ်။ တစ်နှစ်ထက်တစ်နှစ် ဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ ကားအဝင်အထွက်များလာပါတယ်။ ၁၂ဘီးကားလို ကားအရှည်တွေပါဝင်လာပါတယ်။ ဘုရင့်နောင်တံတားက အဓိက အလုပ်အသွားအပြန်အတွက် ရုံးသွားရုံးပြန်အတွက်အဓိကဖြစ်ပြီး အင်းစိန် ရွှေပြည်သာတံတားတွေက ကုန်စည်စီးဆင်းမှုအတွက်အဓိကကျပါတယ်။ ကျနော့်အမြင်ဘုရင့်နောင်ကားဂျမ်းရဲ့အဓိကအချက်က အာဆီယံစံဆိုပြီးကုန်တင်ကားတွေ ကုန်ကိုတဝက်လောက်လျှော့ထင်ဖို့အမိန့်ထုတ်တာက အရင်ထဲကဂျမ်းဖြစ်ချင်နေတာကို ရှင်းမရအောင် ဖြစ်စေတယ်လို့ထင်ပါတယ်။ အခုတော့ရန်ကုန်တမြို့လုံးပဲ၆လမ်းသွားလမ်းမကြီးတွေမှာပါကားဂျမ်းဖြစ်လာပါတယ်။တဖြည်းဖြည်းနဲ့လဲပိုပိုဆိုးလာပါတယ်။ ကားဂျမ်းဘာကြောင့်ဖြစ်သလဲဆိုတာစဉ်းစားကြည့်ကြရအောင်- ကားဂျမ်းဖြစ်တဲ့အကြောင်းအရင်းတွေကတော့ ၁။ ကားအရေအတွက်မ ျားလွန်းခြင်း ၂။ လမ်းက ျဉ်းခြင်း ၃။ ယာဉ်မောင်စည်းကမ်းမရှိခြင်း ၄။ လမ်းရဲ့ Joint တွေမှာကားတွေလမ်းလုရင်း block ဖြစ်ခြင်း။ ၅။လမ်းလယ်မှာချထားတဲ့တုံးတွေက ကားဂျမ်းကိုချုပ်ထားသလိုဖြစ်ခြင်း ကားအရေအတွက်များလွန်းရင် […]


natureAugust 4, 20121min42325
N+ 010812 အဘိဓမ္မာနှင့် သင်္ဂ ါယနာ အဆက်ဆက် ပထမသင်္ဂ ါယနာ မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူပြီး သုံးလနှင့်လေးရက်မြောက်သော မဟာသက္ကရာဇ် ၁၄၈ (ဘီစီ ၅၄၄)တွင် အဇာတသတ် မင်းကိုအမှီပြု၍ ရာဇဂြိုလ်ပြည် ဝေဘာရတောင် သတ္တပိဏ္ဏိလိုဏ်ဂူ၌ ရှင်မဟာကဿပ အမှုးရှိသော ရဟန္တာအရှင်မြတ် ၅၀ဝ တို့သည် မြတ်စွာဘုရား၏ တရားတော်များကို ရ လ တိုင်တိုင် မုခါရုဠှ (ခေါ်)နှုတ်ဖြင့်စုပေါင်းရွတ်ဆို သင်္ဂ ါယနာ တင်ခဲ့ကြသည်။ ဒုတိယ သင်္ဂ ါယနာ သာသနာနှစ် ၁၀ဝ (ဘီစီ ၄၄၄) ၌ ဝေသာလီပြည်ဝေဠုကာရုံ ကျောင်းတိုက်တွင် ဝဇ္ဇီတိုင်း ကာလာသောကမင်းကို အမှီပြု၍ အရှင်မဟာယဿအမှုးရှိသော ရဟန္တာ ၇၀ဝ တို့က ၈လကြာအောင် မုခရုဠှသင်္ဂ ါယနာ တင်ခဲ့ကြပေသည်။ […]


natureJuly 19, 20121min59530
N+ 200712 မြတ်စွာဘုရား၏ကျေးဇူးတရား ဘုရားရှင်တော် မပွင့်ပေါ်လျှင် လူတော်အများ စိတ်ကောင်းထားလည်း ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘဝ မသိရ များလှအပြစ်တွေ။ ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍ ဟောဖော်ညွန်ကြား မြတ်တရားကြောင့် ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘဝ သိကြရ များလှကျေးဇူးပေ။ ကျေးဇူးတော်ရင် ဘုရားရှင်ကို ဦးတင်မပြတ် ကျေးဇူးဆပ်ဖို့ အမြတ်ရတနာ သာသနာ၏ နိုင်ရာဝန်ထမ်း ကိုယ်စီစွမ်း ကြိုးပမ်းကြပါလေ။ ရိုးရှင်းပြီး အင်မတန်အဓိပါယ်လေးနက်ပြည့်ဝတဲ့ ကဗျာလေးကို တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက စပ်ဆိုခဲ့တာလို့သိရပါတယ်။ https://myanmargazette.net/90448/creative-writing


natureJune 27, 20121min38115
N+270612 မြန်မာနိုင်ငံကို စင်္ကာပူလိုသန့်အောင် မြန်မာနိုင်ငံကိုစင်္ကာပူလိုသန့်အောင်လုပ်မယ်ဆိုပြီး အရင်ဆုံးဆန္ဒမဲခံယူကြည့်ရင်တော့ ၁၀၀% ထောက်ခံမဲ ရမယ်ဆိုတာသေချာပါတယ်။ သန့်ရှင်းရေး ကောင်းလာမယ်ဆိုကျန်းမာရေး တွေလည်း ပိုမိုကောင်းစေလာနိုင်ပါတယ်။ အမှိုက်ပြစ်တဲ့သူတွေဟာလည်း အမှိုက်ကိုလွယ်လွယ် ပြစ်တာ အကျင့်ပါနေတဲ့ ထောက်ခံမဲပေးတဲ့ပြည်သူတွေထဲကပဲဖြစ်တယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ လူပေါင်းသန်း၆ဝ ရှိရင်တယောက်ကိုအမှိုက်တခုပြစ်ရင်အမှိုက်သန်း၆ဝ ထွက်လာမှာဖြစ်ပါတယ်။ ပြောင်းပြန်အားဖြင့် လူတိုင်း ကိုယ့်ရှေ့မှာရှိတဲ့ အမှိုက်တခုကိုအမြင်မတော်လို့ကောက်မယ်ဆိုရင် အမှိုက်သန်း၆ဝ ကို ရှင်းလင်းနိုင်မှာဖြစ်ပါတယ်။တိုင်းပြည်သန့်ရှင်းရေးအတွက် တိုင်းပြည်တိုးတက်ရေးအတွက် ပြည်သူတိုင်းတာဝန်ရှိတယ် ဆိုတဲ့ခံယူချက် လေ့ကျင့်မွေးမြူပေးဖို့လိုပါတယ်။ ဒါကတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့အကျိုးအကြောင်းဆီလျှော်တဲ့ မိန့်ခွန်းတခုတည်းနဲ့တင်တော်တော်လေးအဆင်ပြေစေနိုင်မယ်ထင်ပါတယ်။ တဖက်ကလည်းစည်းကမ်းနဲ့ အမှိုက်ပုံးတွေကို သင့်တော်တဲ့နေရာမှာစီစဉ်ပေးခြင်းဖြင့် အတန်အသင့်အဆင်ပြေစေနိုင်မယ်လို့ထင်မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့နိုင်ငံတော်က Hard power ဆိုတဲ့ ပါဝါအပြည့်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ soft power ဆိုတဲ့ ချစ်ခင်လေးစာအားကိုးမှုအပြည့်အဝရှိတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ဒီကိစ္စဟာနိုင်ငံတော်ရဲ့အားနည်းချက်ရှိသလိုပြည်သူတွေရဲ့ တဦးချင်းတာဝန်ယူမှု အားနည်းတာလည်းပါမယ်လို့ ထင်ပါတယ်။ နိုင်ငံတော်အတွင်းမှာ ဖြစ်တဲ့ကိစ္စမှန်သမျှ နိုင်ငံတော်အတွင်းနေထိုင်ကြတဲ့ နိုင်ငံတော်ကတာဝန်ရှိသူတွေနဲ့ပြည်သူအားလုံးတာဝန်ရှိတယ်လို့မြင်ပါတယ်။ […]


natureSeptember 25, 20111min1346
ဗုဒ္ဓတရားတော်က အကြောင်းကြောင့် အကျိုးဖြစ်တယ် ။အကြောင်းနှင့် ကင်းသော အကျိုးတရားသည်မရှိလို့ ဆိုပါတယ်။ ဒါကြောင့်မို့ တခုခုဖြစ်ရင် အကြောင်းမှန်ဆိုတဲ့ မှန်ကန်တဲ့  ရေသောက်မြစ် ကိုရှာဖွေရှင်းလင်းနိုင်မှသာ ကိုယ်လိုချင်တဲ့ အကျိုးတရားကို ရနိုင်ပါတယ်။  ယခုရေးသားချက်များသည် ကျွန်တော်၏ အယူအဆများသာဖြစ်ပါသည်။ ကျွန်တော်စဉ်းစားမိတာကတော့ ကောသလအိမ်မက် ၁၆ချက်ထဲက သူတော်ကောင်းများသည် သူယုတ်မာများကို ခစားရမယ်လို့ ပါ ပါတယ်။ ဒါဟာ ဘာအကြောင်းကြောင့် ဖြစ်နိုင်သလဲလို့ ကြံကြံဖန်ဖန် စဉ်းစာမိပါတယ်။ တကယ်ဆို သူတော်ကောင်းတွေက အထက်ကနေသင့်တယ်လို့ လူတိုင်းယူဆကြပါတယ်။ ဘာကြောင့်လည်းဆိုတာကို စဉ်းစားမိတဲ့အခါ- ဘာဖြစ်လို့ ခစားရလဲဆိုတော့ စားဝတ်နေရေးအတွက်ငွေကြေးမပြည့်စုံလို့ လိုအပ်တဲ့ ငွေကြေးရရှိအောင် လို့ထင်ပါတယ်။ ဘာဖြစ်လို့ငွေကြေးမပြည့်စုံရလဲဆိုတော့ ဒါနတရားအားနည်းလို့ထင်ပါတယ်။ ဘာဖြစ်လို့ ဒါန အားနည်းရလဲဆိုတော့ ဒါနထက် သီလမြတ်တယ်။ သီလထက် ဘာဝနာ မြတ်တယ်ဆိုတာကို လွဲမှားစွာ […]


natureSeptember 25, 20111min32947
ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး ဆိုတာတွေကို တော်တော်လေး ကြားနေရပါတယ်။ ဆင်းရဲမွဲတေမှုကို ဘာ့ကြောင့် ဖြစ်ပေါ်လာရတယ်။ ဘယ်လိုတိုက်ဖျက်ရမလဲဆိုတာ ရွာသားများ ဝိုင်းဝန်းဆွေးနွေးကြစေလိုပါတယ်။ ကျွန်တော်ကတော့်ကျွန်တော့အမြင်ကို သာ တင်ပြခြင်းဖြစ်လို့ လိုအပ်ချက်အားနည်းချက် တွေ ရှိနိုင်ပါတယ်။ ဆင်းရဲမွဲတေမှု ဘာကြောင့်ဖြစ်ရလဲဆိုရင် ရိုးရိုးရှင်းရှင်းပြောရရင်တော့ ဝင်ငွေမရှိလို့ ငွေ မရှိလို့ဆိုတာကတော့ ဘယ်သူမှ ငြင်းနိုင်ကြမယ်မဟုတ်ပါဘူး။ ဘာကြောင့်ငွေမရှိတာလဲဆိုတာကို ရှင်းနိုင်ရင် ဆင်းရဲမွဲတေမှု ဘာကြောင့် ဖြစ်တာလဲ ဆိုတာကို ရှင်းပြီးသားဖြစ်ပါမယ်။ ငွေရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ရှုင်းနိုင်ရင် ဆင်းရဲမွဲတေမှု ပပျောက်အောင် လုပ်နိုင်ပြီ ဖြစ်ပါတယ်။ ဒါဟာတဦးနဲ့တဦး အယူအဆ များစွာ ကွာခြားနိုင်ပြီး တော်တော်လည်း ကျယ်ပြန့်ပါတယ်။ ဗုဒ္ဓရဲ့ တရားသဘောနဲ့ ကြည့်ရင်တော့ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတဲ့ ရေသောက်မြစ်ကို မှန်ကန်အောင် ဖြေရှင်းနိုင်ရင် မုချ ပြေလည်နိုင်တယ်လို့ ယုံကြည်ပါတယ်။အကြောင်းမှန်ကတော့ […]


natureAugust 6, 20111min33922
စိတ်ဝင်စားသူများအောင် မဲဆွယ်တဲ့ အနေနဲ့ ခေါင်းစဉ်ကို ကြီးကြီးကျယ်ကျယ် တပ်ထားပါတယ်။ အခုပိုစ့်ကို ရက်လနှစ်နဲ့ ခေါင်းစဉ်တပ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်က ၈လ ၂၀၁၁ကို 8/11 လို့ရေးပါတယ်။ ဒါပေမဲ့ စဉ်းစားကြည့်တော့ နောက်လ ၉လဆို 9/11 လို့ရေးရင် ဘင်လာဒင်နဲ့မှားပြီး ဝိုင်း သမကြမဲ့ ရွာသားများကို ကြောက်လို့ ကိုယ်အန္တရာယ်ကြိုကာကွယ်တဲ့ အနေနဲ့ ပြောင်းလိုက်တာပါ။ ကြိုတင်ပြီး စကားခံ လိုတာကတော့ ကျနော်ဟာ ပညာရှင်တဦး မဟုတ်ပဲ ကိုယ့်ဘဝ အတွေ့အကြုံက ရရှိလာတဲ့ ထင်မြင်ချက်ကလေးတွေကို ရေးခြင်းဖြစ်လို့ မှားတာ အားနဲချက်တွေရှိတာတွေရှိရင် ခွင့်လွှတ်သီးခံဘိ်ု့ တောင်းပန်ပါတယ်။ (သီးမခံပဲ ကွန်မန့်ပေးလဲ ၃ပွိုင့်ရတယ် 🙂  ) မကြာမီက မြို့ပတ်ရထားခတွေတက်မယ်။ပန်းဆိုးတန်း-ဒလ ကူးတို့ကူးခကိုယခင် ကျပ် ၁ဝ ကောက်ခံလျှက်ရှိရာမှ […]


natureJuly 10, 20111min1298
လွန်ခဲ့သော ၁၅နှစ် ခန့်က မြန်မာပြည်က ခရီးသည်တင် ကားတွေဟာ BM Hino Car တွေကိုသာ သုံးခဲ့ကြပါတယ်။ ဒီကားတွေဟာ ခရီးဝေးသွားရင် အိပ်ရတာ အဆင်မပြေပါ။ အင်မတန် ခရီးပန်းပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ကား ရှိတဲ့သူတွေဟာ ကိုယ့်ကားနဲ့ကိုယ် ခရီးသွာကြပါတယ်။ အခုတော့ တခေတ် ပြောင်းလာပါပြီ။ ခရီးသည်တင် ကားတွေဟာ Aircon Bus တွေကိုသာ သုံးလာကြပါတယ်။ Aircon Bus တွေဟာ ခရီးဝေးသွားရင် အိပ်ရတာ အဆင်ပြေတဲ့အတွက် ခရီးသွားရတာ ပိုပြီး သက်တောင့်သက်သာ ရှိလာပါတယ်။ ကိုယ်ပိုင်ကားနဲ့ ခရီးသွားသလို ယာဉ်မောင်း ၁ယောက်လည်း မလိုတော့ပါ။  ဒါကြောင့် ဒီ နောက်ပိုင်းမှာ ခရီးသွားရင် Aircon Bus တွေကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြတာကို […]