kaiJuly 14, 20101min1152
အောက်မှာ အီလဲဗန်းမီဒီယာက သတင်းဖေါ်ပြထားပါတယ်။ အဲဒီသတင်းနဲ့ဆက်စပ်ပြီး နည်းနည်းလေကန်ဝေဖန်မလို့ပါ။ မြန်မာရုပ်ရှင်ပွဲတော်(Myanmar Film Festival)ကကျင်းပလာတာ ၃နှစ်(၃ကြိမ်)ရှိပြီဆိုပါတော့။ အကယ်ဒမီချိုပြုံး၊ ဒါရိုက်တာမီးပွား တို့ ပြီးခဲ့တဲ့နှစ်တွေကလာခဲ့တာပါ။ ဒီနှစ်တော့ ဘယ်သူလာမလည်း လေရောင်ပိတ်ကားပေါ်ကြည့်ရမှာပါပဲ။ လေရောင် ဆိုတာက ဘာမှမရှိတာမို ့အရာမထင်ဘူးလည်း ဆိုချင်ဆိုပေါ့။ဘာဖြစ်လို့လည်းဆိုတော့ ရန်ကုန်ကအမေရိကသံရုံးက ခပ်ကြမ်းကြမ်းလေး ဗီဇာတွေပေးပြီး။ ခပ်ကြမ်းကြမ်းလေး ဆွဲပြန်ကိုင်နေလို့ပါ။ ဟုတ်မှာပေါ့။ (Tourist Visa)နဲ့ဝင်လာ အမေရိကတခွင်လှည့်လည်စဉ်လုပ်ပြီး အင်တာတိန်းတွေလုပ်ကြတာမို ့အမေရိကအစိုးရငွေရမဲ့ P1 Entertainment Visa လျှောက်ပြီးမှလာရင် အစိုးရ အခွန်ငွေပိုရတဲ့အပြင် အမေရိကမြေပေါ်က ဝင်ငွေအခွန်ကိစ္စဘာဘာညာညာတွေလည်း အတိအကျ စာရင်းပေါက်မှာမို ့ဖြစ်မယ်ထင်တာပါပဲ။Tourist Visaထက်စာရင် Entertainment Visaကငွေသိသိသာသာပိုကုန်ပြီး အချိန်လည်း ကြာတာမို ့ပါ။ ဒါပေမဲ့ ပွဲသွင်းတယ်ဆိုတာကလည်း နာမယ်ကြီးသလောက် ငွေကျန်တဲ့အလုပ် မဟုတ်တာမို ့ […]