True FaithAugust 19, 20101min2119
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် – NLD က နိုဝင်ဘာလ ရ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ယနေ့ ဆုံးဖြတ်လိုက်ကြသည်။ ပါတီ ဒု – ဥက္ကဋ္ဌ ဦးတင်ဦးနေအိမ်တွင် ပါတီ ဗဟိုအလုပ်မှုဆောင်များနှင့် ဗဟိုဦးစီးအဖွဲ့ဝင်များ တွေ့ဆုံ စည်းဝေးပြီးနောက် ယခုလို ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။ ၂၀၀၈ အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများသည် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး ရရှိရေးကို ဦးမတည်သဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရခြင်း ဖြစ်ကြောင်း ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြည်ပအခြေစိုက် မဇ္ဈိမ သတင်းဌာနကို ပြောကြားသည်။ ယနေ့ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များမှာ ရွေးကောက်ပွဲ သပိတ်မှောက်ရန်နှင့် ရွေးကောက်ပွဲ ဥပဒေအရ မဲမပေးဘဲ နေလိုက နေနိုင်ကြောင်း ဆုံးဖြတ်ခဲ့ကြသေးသည်။ […]