Good IdeaNovember 30, 20101min1044
(၁) အိမ်ပြောင်းတာ မကြာသေးတဲ့ အမျိုးသမီးတစ်ဦးက သူ့အိမ်ဘေးမှာ ဆင်းရဲသားအိမ်လေး တစ်အိမ်ရှိနေတာကို သတိထားလိုက်မိတယ်။ ဆင်းရဲသားအိမ်မှာ မုဆိုးမနဲ့ ကလေးနှစ်ယောက်နေတယ်။ တစ်ညမှာ ရပ်ကွက်တစ်ခုလုံး ရုတ်တရက် မီးပြတ်သွားခဲ့တယ်။ မီးပြတ်တော့ အမျိုးသမီးက ဖယောင်းတိုင်ထွန်းပြီး နေတယ်။ သိပ်မကြာဘူး… တစ်စုံတစ်ယောက်ရဲ့ တံခါးခေါက်သံကို သူကြားလိုက်တယ်။ တံခါးဖွင့်ကြည့်တော့ ဘေးအိမ်က ကလေးငယ်တစ်ယောက် စိတ်လှုပ်ရှားတဲ့အသံနဲ့ “အန်တီ.. အန်တီတို့အိမ်မှာ ဖယောင်းတိုင်ရှိလား” လို့ မေးလိုက်တယ်။ အမျိုးသမီးက ” အင်း.. ဆင်းရဲလွန်းလို့ ဖယောင်းတိုင်တောင် မဝယ်နိုင်ပါလား? ခဏခဏ လာတောင်းနေမှာစိုးတယ်။ ပေးလို့မဖြစ်ဘူး..” လို့တွေးပြီး “မရှိဘူး” လို့ အသံမာနဲ့ အော်ပြီး တံခါးပိတ်ဖို့ ပြင်လိုက်တယ်။ အဲဒီအချိန်မှာ ကလေးငယ်က မျက်နှာချိုလေးနဲ့ “အန်တီက အိမ်ပြောင်းလာစမို့ ဖယောင်းတိုင် မရှိဘူးဆိုတာ […]