moonpoemMay 27, 20141min21315
အရင် တစ်ပတ်က အုပ်စုနဲ ့ပုဂံ၊ပုပ္ပါးဘက် Tour သွားခဲ့ပါသေးတယ်။ အုပ်စုနဲ ့သွားတဲ့အခါ ကိုယ်ရှင်းပြတာကို စိတ်ဝင်တစားနဲ ့နားထောင်ပြီး မေးမြန်းတဲ့သူတွေရှိသလို ပတ်ဝန်းကျင်ကို ငေးကြည့်ပြီး ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေပြီး တစ်ရေးနိုးမှ သိချင်တာကို ပြန်မေးသူ စသဖြင့် အမျိုးမျိုးရှိကြပါတယ်။ထူးထူးခြားခြား အနေနဲ ့ဒီအုပ်စုထဲမှာ အင်္ဂလိပ်လို စကားထထပြောတတ်တဲ့ဂျပန်အဘိုးကြီးတစ်ဦး ပါပါတယ်။ သူအင်္ဂလိပ်လိုပြောတာကလည်း သိပ်ပြီး ရိုးစင်းတော့ မခက်ခဲလှပါဘူး။ သူက ဝက်အစ်စ်ရွာနိမ်းဆိုရင်ကျွန်မကလည်း ရွာနိမ်းအစ် ညောင်ပင်သာ။ သူက ဘဲရီးနိုက်စ်ဆိုရင်ကျွန်မကလည်း အိုးရက်စ်ဆိုတာမျိုးနဲ ့အိုကေနေကြတယ် ဆိုပါတော့။ ဒီလိုနဲ ့ပုပ္ပါးဘက်ရောက်တော့ ပုပ္ပါးနတ်တောင်အကြောင်း အဘဘိုးမင်းခေါင်ရဲ ့အကြောင်းတွေကိုကျွန်မ ပြောပြရှင်းလင်းပါတယ်။မနေ ့က ပုဂံမှာသွားခဲ့တဲ့ စေတီပုထိုးတွေ၊ မြတ်စွာဘုရားရဲ ့ရုပ်ပွားတော်တွေကို ဖူးမြင်ခဲ့ရပေမယ့် ဒီပုပ္ပါးဘက်မှာတော့ အနည်းငယ် ကွဲပြားတဲ့အကြောင်းကိုပါ။ […]