Wai PhyoeJune 18, 20122min22813
ယနေ့အိုင်တီခေတ်တွင်လူအများစုသည် Brand စုံ၊ဈေးနှန်းစုံ Computer မျိုးစုံတို့ကိုသုံးလာကြသည်။ထိုသို့တိုးတက်လာသည်မှာလည်းလျှော့ကျရန်မရှိ၊တိုးပြီးရင်းတိုးဘို့သာရှိလာတော့သည်။ ထို့အတူ Software Application များစွာလည်းသူ့ထက်ငါအပြိုင်ထွက်ပေါ်လာကြသည်။ လူငယ်များကလည်း Computer များနှင့်ပက်သတ်လာလျှင်Professional ပိုပြီးဆန်လာကြသည်။ Application များစွာအကြောင်းကိုအသေးစိပ်သိကြသည်၊မသိလည်းသိရန်သင်တန်းတွေတက်ကြမေးကြမြန်းကြနှင့်ကြိုးစားကြသည်။သို့သော်အားလုံးသတိမထားကြမိသည်မှာ မိခင်ပင်ရင်း ှApplication ကြီးဖြစ်သည့် Operating System များအကြောင်းဖြစ်သည်။ Operarting System သည်ထဲထဲဝင်ဝင်သိရန်ခက်သည်၊နက်ရှိင်းသည်။သို့သော်အားလုံးအခြေခံအားဖြင့်သိသင့်သဖြင့် လက်လှမ်းမိသမျှ မသိမဖြစ်အခြေခံအချက်လေးများကိုဖော်ပြလိုပါသည်။ OS ဆိုတာဘာလဲ? Operating System ဆိုသည်မှာကွန်ပျူတာတစ်လုံးကိုထိန်းချုပ်ရန်အတွက်အခြေခံအကျဆုံး Software တစ်ခုပာုသတ်မှတ်နိင်ပါသည်။OS များတွင်အခြေခံအားဖြင့် အဓိကအားဖြင့် Function 3 ခုရှိပါသည်။ပထမတစ်ခုမှာ Hardware အစိတ်အပိုင်းတွေကိုညှိနှိုင်းပေးခြင်းနှင့်ကိုင်တွယ်စီမံခြင်းဖြစ်ပါသည်။ဥပမာအနေဖြင့်OS တစ်ခုသည် Printer, memory , disk ,mouse နဲ့  keyboard စ တဲ့အခြေခံ Hardware တွေကိုထိန်းချုပ်ရပါတယ်။ဒုတိယတစ်ခုကတော့ File များကိုထိန်းချုပ်စီမံရပါသည်။ဥပမာအနေဖြင့် floppy […]