introJanuary 30, 20111min18414
ကျွန်တော် နေ့စဉ်ဘဝထဲက အရေးပါတဲ့ နေရာတစ်ခုကို ပြပါဆိုရင်တော့ ကျွန်တော်တို့ သူငယ်ချင်းများ စုဝေးရာ ဦးချစ်ရဲ့ ဂိမ်းဆိုင်လေးကို ညွှန်းဆိုရမှာပါပဲ… ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့သူငယ်ချင်းတွေရဲ့ အချိန်တော်တော်များများကို အဲ့သည့်နေရာလေးမှာ ကုန်ဆုံးစေခဲ့ရလို့ပါပဲ… တစ်နေ့ကို တစ်ခေါက်လောက်မှ မလာလိုက်ရရင် နေလို့ထိုင်လို့မရဘူး လို့ ပြောတဲ့သူလဲ ရှိရဲ့၊ သူငယ်ချင်းတွေ ကို တွေ့ချင်လို့ လာပါတယ်လို့ ပြောတဲ့သူလဲ ရှိရဲ့၊ သက်သက်ဂိမ်းကစားချင်လို့ လာတဲ့သူတွေလဲ ရှိရဲ့… ဘယ်လိုပဲ ဆိုဆို ညနေ ၄နာရီ၊ ၅နာရီ ဝန်းကျင်လိုက်ဆိုတာနဲ့ ဦးချစ်ရဲ့ ဂိမ်းဆိုင်လေးက ပုံမှန် စည်ကားနေပါတယ်… ဂိမ်းဆိုင်လေးကို လာတဲ့လူတွေထဲမှာ အများစုက တော့ ကျွန်တော်တို့လို လူငယ်လူရွယ်တွေက အများဆုံးပါ၊ လူကြီးတွေလဲ နည်းနည်းတော့ ပါပါတယ်… တစ်ခါတစ်လေ အိမ်ကအဆူအဆဲခံပြီး မသိအောင် […]