koyin sithuJuly 11, 20121min1249
မင်းသိင်္ခ အသံထွက်မှာ (မင်းသိန်ခ)။ မြန်မာ အမျိုးသား စာရေးဆရာတစ်ဦး၏ ကလောင်အမည်ဖြစ်သည်။ မင်းသိင်္ခသည် တီထွင်ကြိုးပမ်းမှုရှိသော ဝတ္တုအတို အရှည်များကို နိုင်နင်းစွာဖွဲ့နိုင်သော စာအရေးအသား ကောင်းသူတစ်ဦးလည်းဖြစ်သည်။ စိတ်ကူးအထင်အမြင် ပြောင်းလဲခြင်းမှ အစပြုပြီး (အတတ်ပညာများ) (လက်တွေ့ ရုပ်ဝတ္တုများ) (အောင်မြင်ပျော်ရွှင်မှုများ) ရရှိနိုင်ပုံကဲ့သို့ စိတ်ပညာ သဘောတရားများကို (ပုဏ္ဏားဘကွန်း) (ဖြစ်ချင်ရာဖြစ်မောင်ဘချစ်) (ပြည်ကြီးမဏ္ဍိုင်မြကြီး) စသည့်ဇာတ်လမ်းများရေးဖွဲ့ရင်း ကျွဲကူးရေပါ သဘော မိတ်ဆက်ပညာပေးခဲ့သည်။ သရုပ်ပီပြင်သော ဇာတ်ကောင်စရိုက်များ ရေးသားနိုင်ရန် လူ့စရိုက်လူ့သဘာဝများကို မှတ်တမ်းပြုစုထားသော အလေ့ တီထွင် ကျင့်သုံးခဲ့သည်ဟု သိရပြီး အမှန်တစ်ကယ်လည်း မူသေ စရိုက်ရှိဇာတ်ကောင်များ ဖန်တီးကာ ဆွဲဆောင်မှုရှိသော ဝတ္တုများရေးသားနိုင်ခဲ့ပါသည်။ စာရေးဆရာ မင်းသိင်္ခကို ၁၉၃၉ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့၌ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ […]