hankyiMarch 25, 20112min1271
ငလျင်တဲ့လေ မြေလွှာတုန်ဟီး  မြေကြီးအက်ကွဲ သည်းအူပြတ်အောင်  လှိုင်းခတ်တုန်ခါ မြေကမ္ဘာရဲ့ ကြေကွဲခန်း… ငလျင်တဲ့လေ နေရာထိုင်ခင်း  ပျက်ယွင်းဖောက်ပြန် ရပ်တည်ရန်ခက်  အသက်ဆုံးရှုံး ယူကြုံးမရ  ဘဝအိုးအိမ် စည်းစိမ်ပျက်စီး သောကမီးတွေဝေမျှသူ… ငလျင်တဲ့လေ စိတ်မဖြေနိုင်  တွေဝေမှိုင်ငေး အတွေးတုန်လှုပ်  ရုတ်ရုတ်သဲသဲ ကြေကွဲခန်းဖွင့်  ရွေးချယ်ခွင့်မဲ့ ဝင်ရောက်ခဲ့တဲ့ ကမ္ဘာနာ… ငလျင်တဲ့လေ ကမ္ဘာမြေပြင်  တုန်ယင်အက်ကွဲ မခေါ်ဘဲလာ ကမ္ဘာနာမို့ ဖြေသာနိုင်လည်း  လူ့စိတ်ထဲတွင် ငလျင်လောဘ  ဝိသမတို့ လှိုင်းထလှုပ်ရှား  သနားမဲ့ကင်း ရိုင်းမိုက်ခြင်းတို့  လက်ငင်းယူဆောင် လူ့ဘောင်ခြေမွ  တောကြောင်ထဖို့ ရှေ့ကနှိုးဆော်  လမ်းပြသော်ကား ရမ်းကားလွန်း၍  ယုတ်ညံ့သည်… ဪ… ကိုယ့်ပြည်ကိုယ့်ရွာ  ကိုယ့်အနာကို ကြင်နာယုယ  ကုသဖို့ဝေး ကိုယ်ကျိုးတွေးသည့်  ကိုယ့်သွေးကိုယ့်သား လောဘသားတို့  သနားစိတ်ဝင် လူစိတ်ပြင်အောင်  ရှေ့ဆောင်လမ်းပြ […]


အာဖ်ံ ကြီးNovember 26, 20101min771
ဘာရယ်တော့မဟုတ်ပါဘူးဗျာ …. ဒီပုံလေးထဲမှာ အမေစုတို.သားအမိကို ဘေးကတစ်ယောက်လက်တစ်ယောက်ချိတ်ပီး အကာအကွယ်ပေးနေတာကိုတွေ.တော့ စိတ်ထဲတစ်မျိုးပဲ … ဝမ်းနည်းသလိုလို … ဇာတိသွေး ဇာတိမာန်တွေ တက်လာသလိုလို … အာဖျံကွီးက (၈၈) ခုနှစ် (၉) လပိုင်းမှပဲ မွေးတော့ အဲဒီတုန်းက 88 Political Campaign ကိုနဖူးတွေ.ဒူးတွေ.မတွေ.လိုက်ဘူး။ လူကြီးတွေပြန်ပြောမှပဲ ကြားဖူးတာ။ ၂၀၀ရ Monk Political Campaign မှာတော့ကိုယ်တိုင်ကြုံရတာပေ့ါ။ အဲဒီတုန်းကလဲ Senior တို.အားလုံးသိထားပီးတဲ့အတိုင်းပဲ သံင်္ဃာတော် ဆရာလေးတွေကို ဘေးကတစ်ယောက်လက်တစ်ယောက်ချိတ်ပီး ဒီပုံထဲကလိုပဲ အကာအကွယ်ပေးခဲ့ကြတရ်။ ဒါတွေက အမိန်.ပေးလို.လုပ်ကြတာမဟုတ်ဘူး။ အလိုလိုပဲဖြစ်လာကြတဲ့ အားလုံးရဲ.မေတ္တာတွေကြောင့်ပါ။ ဘာရယ်တော့မဟုတ်ပါဘူး။ ဒီပုံကိုတွေ.တော့ ရင်ထဲမှာဖြစ်လာတဲ့ ခံစားချက်ကိုရေးချလိုက်တာ။ ဒါပဲဗျာ ………….