padonmarMay 17, 20111min1113
Good Idea ရဲ့ Post ဖတ်ပြီးစိတ်ဝင်စားလို့ သူငယ်ချင်းတွေစုပြီး အမေ့အိမ်ကို ဒါနခရီးတစ်ခေါက်ရောက်ခဲ့ပါတယ်၊ ၅၄၈ မေခလမ်း ၁၄ ရပ်ကွက် လှိုင်သာယာ မှာရှိပါတယ်၊မေးစမ်းပြီးသွားတော့ လူကြီးတွေထက် လူငယ်တွေ ကလေးလေးတွေက ကျောင်းအကြောင်းကိုပိုသိကြပါတယ်၊ကလေးလေးတစ်ယောက်က အလကားသင်ပေးတဲ့ကျောင်းလား ၄လမ်းထဲမှာရှိတယ်လေလို့ လမ်းညွှန်ပေးပါတယ်။အလုပ်အားတဲ့ရက်သွားရတာဆိုတော့ ကျောင်းပိတ်ရက်ဖြစ်လို့ ကလေးတွေတော့မတွေ့ခဲ့ရပါဘူး၊ဂျပန်ငလျင်အတွက် ကလေးတွေရဲ့ ရင်တွင်းက ဆုတောင်းစကားလေးတွေနဲ့ ကောက်ရပစ္စည်း ပြန်ပေးလို့ ဆုချတဲ့ ဆုဖလားလေးကိုပဲ မှတ်တမ်းတင်ခဲ့ရပါတယ်၊ အပြန်မှာကွန်ပြုတာ အဟောင်းလေးတွေ ယူသွားတာ ဆရာလေးဆရာမလေးတွေသယ်ပေးဖို့ လိုက်လာကြတော့ လမ်းကကလေးတွေက သူတို့ဆရာ ဆရာမတွေကို နှုတ်ဆက်ကြတာ ကြည်နူးစရာပါ။ စာလည်းသင် ကလေးတွေရဲ့ အသိစိတ်ဓာတ်လေးတွေလည်းပြုပြင်ပေးနေတဲ့ ကျောင်းလေးပါပဲ။ မိတ်ဆွေတို့လည်း ကူညီပေးလိုက်ကြပါအုံး။  


padonmarMay 10, 20111min30924
  ဒီသားလေးက ခြောက်တန်းကျောင်းသားလေးပါ။ကျောင်းပိတ်ရက်မှာ ကျောင်းစားရိတ်ရအောင် ညနေပိုင်းတွေမှာ သူ့အမေ ထုပ်ပေးတဲ့ သကြားမုန့်ဖက်ထုပ်နဲ့ ငှက်ပျောသီးမုန့်ကို လိုက်ရောင်းပါတယ်၊မနက်ပိုင်းကျတော့ အဖိုးနဲ့ အဖွားက တံပျက်စည်းလုပ်ပြီးသွင်းဘို့ လိုအပ်တဲ့ပစ္စည်းတွေ သူပဲ လိုက်ဝယ်ပေးရပါတယ်၊ အဖေက ရေလှည်းတွန်းတယ်၊အမေက မုန့်လေပွေရောင်းတယ်၊သူရောင်းတဲ့ မုန့်ဖက်ထုပ်ကလည်းအမေ့ လက်ဖြစ်ပေါ့၊မောင်နှစ်မ ၈ယောက်မှာ သူကလေးက နံပါတ် ၅ ပါ၊ နေတာကတော့ မီးခွက်ဈေး လှိုင်သာယာတဲ့၊ ကျွန်မကတော့ ဒီလိုကလေးမျိုး ကိုအမြဲအားပေးပါတယ်၊သူကလေးကလည်း ဒီအလုပ်လုပ်တာ အားမာန်အပြည့်နဲ့ပါပဲ။ (ပထမဓာတ်ပုံက ဓာတ်ပုံဆရာက ခင်ချိန်ကြာဆိုတော့ ကလေးခေါင်းပြတ်သွားပါတယ်၊ သူကလေးကလည်း အရမ်းသွက်တော့ ရောင်းပြီးတာနဲ့ သူ့မုန့်ထုပ်ကို မြန်မြန်သိမ်းတော့တာပဲ၊အေးသွားမှာလည်းစိုးလို့ပေါ့၊ ဒုတိယပူံချည်းပဲဆိုရင် ဘယ်က ကလေးပုံကြီးလာပြနေလဲ ထင်မှာစိုးလို့ ၂ပုံ တွဲပြီးပြလိုက်ပါတယ်၊)Child Labour လို့တော့ မပြောလောက်ပါဘူးနော်  


padonmarApril 23, 20113min803
ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၁၃) by May Aye Oo on Wednesday, March 30, 2011 at 11:37am စစ်ကိုင်း …. ဆီသို့ .. …. လာမယ့် သောကြာနေ့ ညနေ (1-Apr-2011) ကား နဲ့ စစ်ကိုင်းကို သွားကြဖို့ ရှိပါတယ်..။ ကလေးယဉ်ကျေးလိမ္မာ သင်တန်း ၂၉/၂၀၁၁ အတွက်ပါ..။ ဒါပေမဲ့ လိုအပ်တဲ့ သတင်း အချက်အလက်တွေ အားလုံးကိုတော့ တိတိကျကျ၊ စုံစုံလင်လင် မရသေးပါဘူး..။ ဘာလို့လဲဆိုတော့..ဆရာတော်နဲ့ အဆက်အသွယ် ပြန် မရသေးလို့ပါ..။ ဒီသင်တန်းလေး လုပ်ဖြစ်တာက ဆရာတော် အရှင်ဉာဏဒီပ ရဲ့ အစီအစဉ်ပါ..။ ဆရာတော်က အိန္ဒိယ မှာ သီတင်းသုံး ပါတယ်..။ […]


padonmarApril 23, 20111min812
စမ်း ရေ .. … .. ကျောက်ကွင်းကျေးရွာကို ကလေး (မူလတန်း) ယဉ်ကျေးလိမ္မာ သင်တန်း နဲ့ စာကြည့်တိုက်ကိစ္စ အတွက် သွားရင်း တစ်လက်စတည်း၊ ကော့မရွာကို ရေတွင်းကိစ္စ သွားကြည့်ဖို့ စီစဉ်ရပါတယ်..။ ရေ ရှားပါးပြီး ခက်ခဲ ရှာတဲ့ အရပ်မို့ ရေအလှူလေး လုပ်ပေးချင်တာကြောင့် စုစည်းလိုက်တဲ့ အခါမှာ.. တစ်ဦးချင်း အလှူရှင် ရော.. ၊ စုပေါင်းအလှူရှင် တွေရော.. ပေါ်လာတာ.. အရမ်းကို ဝမ်းသာစရာပါ..။ မူလ အစီအစဉ်အရ.. အဝီစိတွင်း..တူးမယ်ဆိုပြီး.. အလှူရှင်ရော.. ရွာသားတွေရော.. စက်သမားတွေရော.. အားတက် သရော၊ ကြိုးစား ပမ်းစား.. လုပ်ကြပေမဲ့.. ရေ မတွေ့ခဲ့ပါဘူး..။ အဝီစိတွင်းတွေကို ၁၅-မတ်-၂၀၁၁ က စ ပြီး […]


padonmarApril 23, 20112min943
ရေလှူကြမလား… ရှင့် … .. နွေရာသီရောက်လာပြီမို့ .. မနှစ်က ကြုံခဲ့ကြရတဲ့ အပူလွန်ကဲခြင်း၊ အပူလှိုင်းဖြတ်ခြင်း .. များနဲ့ အတူ.. ရေရှားပါးမှု ဒုက္ခတွေ အပြင်၊ ဝမ်းရောဂါ လဲ..ဖြစ်ခဲ့ကြတာကို.. သတိရကြမှာပါ..။ မနှစ်က ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ နဲ့ မွန်ပြည်နယ် က မြို့ပြ၊ ကျေးရွာ တစ်ချို့ရေရှားပါးမှု ပြဿနာ နဲ့ ကြုံခဲ့ကြရလို့… စေတနာရှင်များ၊ လူမှုရေး အဖွဲ့အစည်း များ နဲ့ ဘာသာရေး အဖွဲ့အစည်းများ ကပါ ဝိုင်းဝန်းကြ၊ ကူညီခဲ့ကြတာကို ပြန်သတိရမိပါတယ်..။ အခုလဲ.. နွေရောက်ပြီမို့ .. ရေရှားပါးမှု ပြဿနာ က လာအုံးမှာပါ..။ အဝီစိတွင်းလေး တစ်တွင်းလောက် တူးလှူကြရအောင်လား…? … ပဲခူးတိုင်း၊ […]


padonmarApril 18, 20111min11210
ဒီနေ့ဟာ မြန်မာလို တန်ခူးလပြည့်နေ့ပါ။ ရန်ကုန်တရုတ်တန်း ကမ်းနားလမ်းတဝိုက်ကို မိုးတွင်းဒီရေတက်တဲ့ရက်တွေမှာ ဖြတ်သန်းသွားဘူးကြရင် ရေတွေတက်လို့ ကားတွေ ဂျမ်းဖြစ်တာ၊ဓာတ်ဆီကားတွေ ရေဝင်ပြီးထိုးရပ်သွားတာ၊လူတွေ ဒူးလောက်ပေါင်လောက်ရေတွေထဲ ဖြတ်ကြရတာ၊၊အိမ်တွေဆိုင်တွေထဲ ရေတွေဝင်တာတွေ့ဘူးမှာပါ။အထူးသဖြင့် ဘုန်းကြီးလမ်းနဲ့ လသာလမ်းကြားမှာ အဆိုးဆုံးပါဘဲ၊မိုးရွာတာနဲ့များဆုံရင်တော့ ရေတွေပိုကြီး ရေကြီးချိန်ပိုကြာ တတ်တာပေါ့၊အဲဒီတဝိုက်နေသူတွေကတော့ ရိုးနေပါပြီ၊ကိုယ့်အိမ်ထဲ ဆိုင်ထဲကပစ္စည်းတွေ ရေမစိုအောင် မြှင့်ထားတာပေါ့၊ရေထဲ လျှောက်ရတာ ပျော်တဲ့သူတွေလည်းရှိတာပါဘဲ၊ရုံးဆင်းချိန်နဲ့ ကြုံတတ်တော့ မိန်းကလေးတွေလည်း ရှက်မနေနိုင်တော့ဘဲ ထမီတိုတိုဝတ်ပြီး ရေထဲဖြတ်ကြရပါတယ်၊၊ ဒီရေထရက်က လပြည့်နေ့၊လဆုတ် ၁-၂-၃-၄-၅ နေ့၊လကွယ်နေ့၊ လဆန်း၁-၂-၃-၄-၅ နေ့တွေပါ၊ ၃ ရက်နေ့ က ရေအမြင့်ဆုံးတက်လို့ ခေါင်ရေလို့ခေါ်ပါတယ်၊ မနက်ပိုင်းတစ်ကြိမ်။ညနေပိုင်းတစ်ကြိမ်တက်တတ်ပါတယ်၊ ထူးကဲဒီရေတက်မယ့်ရက်ကို သတင်းစာကနေ ကြေငြာပေးတတ်ပါတယ်၊ ထုံးစံကတော့ ဝါဆို။ဝါခေါင်။တော်သလင်း။သီတင်းကျွတ် လေးလဟာဒီရေတက်တဲ့ရာသီပါ။ လွန်ခဲ့တဲ့ ၁-၂ နှစ်လောက်ကစပြီး ကဆုန်မှာ နည်းနည်းတက်လာပါတယ်၊အခု တန်ခူးလပြည့်နေ့မှာရေတက်သွားပါတယ်၊ကမ္ဘာကြီးပူနွေးလာလို့ […]


padonmarMarch 10, 20111min841
ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၉) by May Aye Oo on Thursday, January 20, 2011 at 8:43am အထက်တန်းကျောင်းသားများအတွက် ဟောပြောပွဲလေးတစ်ခု လုပ်ပေးရန် စီစဉ်ခြင်း နှင့် ကြွေလွင့်သွားတဲ့ ပန်းတစ်ပွင့်   လာမယ့် ဖေဖော်ဝါရီလ ၁၃၊ ၁၄ ရက်နေ့တွေမှာ ဒေးဒရဲမြို့  နဲ့ ဘိုကလေးမြို့တွေမှာ အထက်တန်း ကျောင်းသား တွေ အတွက် ဟောပြောပွဲလေးတစ်ခု လုပ်ပေးရန် စီစဉ်နေပါတယ်။ အဲလို စီစဉ်ဖြစ်သွားတာကလဲ .. ကူညီပေးမယ့် volunteers တွေ ရှိတာကတစ်ကြောင်း ၊ လိုအပ်ချက် တစ်ခုဖြစ်နေတယ်လို့ ခံစားရတာကြောင့် တစ်ကြောင်း ကြောင့် စီစဉ်ဖြစ်သွားတပါ။   ပထမ အချက်ကတော့ … […]


padonmarMarch 10, 20112min690
ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၁၂) by May Aye Oo on Thursday, March 3, 2011 at 8:44am YOUTH CAMP 26/2011 ၂၆-၂၇၊ ဖေဖော်ဝါရီလ၊ ၂၀၁၁ ကျောက်ကွင်းကျေးရွာ၊ ပြည်ခရိုင်၊ ပဲခူးတိုင်းဒေသကြီး။ ဒီတစ်ခါတော့ ကျောင်းမနေတော့တဲ့ လူငယ်ပိုင်းအတွက် CAMP လေးပါ..။ ရပ်ရွာအတွက် တတ်နိုင်သလောက် ကူညီ နေကြတဲ့ ကလေးတွေကို အားပေးချင်တာရော..၊ ကျန်တဲ့ လူငယ်လေးတွေကိုလဲ educate လုပ်ပေးချင်တာ ကြောင့် ရော ပေါ့လေ.. ။ ပြီးတော့ စာကြည့်တိုက်လေး လုပ်ပေးနေတာမို့ အခြေအနေလေးလဲ ကြည့်ချင်တာလဲ ပါတာပေါ့လေ..။ သင်တန်းကို ရွာက လူငယ်များ မည်သူမဆို တက်ရောက်နိုင်တာကြောင့်၊ အသက် ၁၆ […]


padonmarFebruary 24, 20111min920
ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၈) by May Aye Oo on Thursday, December 2, 2010 at 11:10am ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၈) ဒီနေ့ ဒီဇင်ဘာလ (၁) ရက်နေ့၊ အမျိုးသားနေ့ မို့ ရုံးပိတ်ပါတယ်။ ထုံးစံအတိုင်းဘဲပေါ့.. ရုံးပိတ်ပေမဲ့.. ဒေါ်မေအေးဦး တို့ ကတော့၊ အိမ်မှာ ဘယ်ရှိလေလိမ့်မလဲ။ ရန်ကုန်-မော်လမြိုင် အထူးအမြန် မနက် ၆း၃ဝ ရထားပေါ်မှာ… ဦးတည်ရာ က… ပဲခူးမြို့ကိုပါ… ။ ပြီးခဲ့တဲ့ ၂ ပတ်၊ ရုံးပိတ်ရက်မှာ .. ပဲခူးကို တစ်ခေါက် ရောက်ခဲ့ပါသေးတယ်.. ။ ၁ဝ တန်းကို.. ၅ ဘာသာ ဂုဏ်ထူး နဲ့ […]


padonmarFebruary 24, 20111min960
ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (7) by May Aye Oo on Wednesday, October 6, 2010 at 9:37am သူ့ကိုတော့ `ဗိုက်ပူမ´ လို့ စ,ရောက်တုံးက.. ခေါ်ကြတယ်.. ဘာလို့လဲဆိုတော့.. ဗိုက်ထဲမှာ သန်ကောင်တွေ များ လွန်းလို့၊ သူ့ဗိုက်ကလေးက .. အလွန်ပူနေတာကိုး.. သန်ကောင်တွေများလွန်းလို့ ကျမရဲ့သမီး volunteer ဆရာဝန်မလေးတွေ . သူ့ကို.. တစ်လခြားပြီး သန် ၂ ခါချပေး ရတယ်.. ။ သူ့နာမည် အရင်းကတော့ လဲ့လဲ့မိုး.. ပါတဲ့..။ သူရောက်လာတော့ ကျမတို့က ရွှေပြည်သာ မြိုင်ကျောင်း မှာ၊ ကလေးယဉ်ကျေးလိမ္မာ သင်တန်းဖွင့်နေတဲ့ အချိန် လေ.. ၁၆-မေလ-၂၀၀၉ မနက်ပိုင်းလေးမှာရောက်လာတာ.. ။ […]


padonmarFebruary 24, 20111min550
ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (6) by May Aye Oo on Wednesday, September 29, 2010 at 9:54am သူကလေးရဲ့နာမည်ကတော့ အပျံစားနော်.. ဘုန်းမြတ်ပိုင်.. တဲ့.. ဒါပေမဲ့ တစ်နေ့တစ်ခြား ဖွံ့ဖြိုးလာပြီး ချစ်စရာကောင်းနေလို့.. အညာသူ ဆရာလေးများက.. ခပ်ရှင်းရှင်းဘဲ ခေါ်လိုက်ကြတယ်.. `ဖိုးတုတ်´.. တဲ့.. သူကလေးက ၄၅ ရက်သားနဲ့ မြိုင် သီလရှင်ကျောင်းကို ရောက်လာတာ.. ကံဆိုးထဲက ကံကောင်း လို့ဘဲပြောရ မလား… သူ့မိဘများက.. ရခိုင်ပြည်နယ်.. ရွာလေးတစ်ရွာ ကပေါ့.. ရန်ကုန်ဆင်းလာပြီး.. ကျဘမ်း.. လုပ်စားနေကြတာ..။ သူ့ ကိုယ်ဝန်ကြီးနဲ့ဘဲ သူ့ အဖေက ဆုံးသွားတာ.. အမေခမြာလည်း.. ကိုယ်ဝန်ကြီး တကားကားနဲ့ ဟုတ်တိ ပတ်တိ […]


padonmarFebruary 24, 20111min1757
ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (4) by May Aye Oo on Friday, September 24, 2010 at 9:35am ဒီတစ်ခါတော့.. ပထမဦးဆုံး Harmony in Family Program 1/2009 မှာ တွေ့ခဲ့ရတဲ့ သမီးလေး တစ်ယောက် အကြောင်းကို ပြောချင်တာ… ပထမအကြိမ် Harmony in Family Program ကို ၂၇-ဇွန်လ-၂၀၀၉ မှာ `မြိုင်သီလရှင်သင် ပညာရေး ကျောင်း၊ ရွှေပြည်သာ´ မှာ ဖွင့်ပေးခဲ့တယ်။ အဲဒီ program လေးရဲ့ ရည်ရွယ်ချက်ကတော့၊ မိဘ နဲ့ သားသမီးတွေကြားမှာ.. ရှိနေတဲ့ gab ကွာဟချက်လေး တွေကို ညှိပေး၊ စေ့ပေးပြီး၊ ရင်းနှီးမှု၊နွေးထွေးမှု၊ […]


padonmarFebruary 23, 20111min650
ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၃) by May Aye Oo on Thursday, September 23, 2010 at 10:35am သူကလေးကတော့ မနှစ်က သီတင်းကျွတ်ကျောင်းပိတ်ရက် မြန်မာပြည် အလယ်ပိုင်း မကွေးတိုင်း၊ ပခုက္ကူ ခရိုင် က `မြိုင်´ မြို့ကလေးမှာ ကလေးယဉ်ကျေးလိမ္မာသင်တန်း ဖွင့်တုန်းက တွေ့ခဲ့ရတဲ့ ၆ တန်းကျောင်းသူလေး ပေါ့… ကျမတို့ ၂၀၀ဝ အဖွဲ့ရဲ့ ကလေးယဉ်ကျေးလိမ္မာသင်တန်း ဆိုရင် ဘယ်မှာဘဲဖွင့်ဖွင့် ကလေးတွေက တအား ပျော်ကြတာ ထုံးစံပါဘဲ.. ယဉ်ကျေးလိမ္မာသင်တန်း ဆိုပေမဲ့ ယဉ်ကျေးလိမ္မာ ဖို့ တရားတော်လာ အကြောင်း အရာ တွေနဲ့ လောကနီတိ သက်သက် တင် မကဘဲ.. ကျန်းမာရေးစစ်ပေးတယ်၊ ကျန်းမာရေး […]