နည်ရဲဇော်April 25, 20111min1789
တစ်နေ့ တခြားသတင်းစာမျက်နှာတွေဖတ်ရင်းနဲ့ မမျှော်လင့်ဘဲ မန္တလေးဂေဇက် ကိုရောက်လာခဲ့တယ်။ တင်ထားတဲ့ ပိုစ့်လေးတစ်ပုဒ်ဖတ်ကြည့်၊ အောက်က မှတ်ချက်တွေကိုဖတ်ကြည့်၊ တစ်ယောက်နှင့်တစ်ယောက် ခင်ခင်မင်မင် ရေးထားတာတွေကို ဖတ်ကြည့်ပြီး ကျွန်တော့်စိတ်ထဲ နှစ်လိုသွားခဲ့တယ်။ ဒီလိုနဲ့ အရင် တင်ထားတဲ့ ပိုစ့်တွေပါလိုက်ဖတ်ကြည့်တယ်။ ဒီထဲက စာရေးသူတွေ၊ မှတ်ချက်ရေးသူတွေကို လူမမြင်ဘူးပေမယ့် သိလာခဲ့တယ်။ သူတို့ရေးတဲ့ဟန်၊ လေသံ ကနေ သူတို့ရဲ့စိတ်နေစရိုက်ကိုပါတစ်စွန်းတစ်စ ရိုးတိုးရိပ်တိတ် မြင်လာခဲ့ပါတယ်။ အလုပ်ထဲမှာ အင်တာနက် တစ်နေ့ကို အနည်းဆုံး ရှစ်နာရီလောက် သုံးနေရ သူဆိုတော့ နေ့စဉ်လိုလို မန္တလေးဂေဇက်ဟာ တစ်ထောက်နားရာ နေရာလေးဖြစ်လာတော့တယ်။ အတော်ကြာတဲ့အထိ မန်ဘာ မလုပ်ဖြစ်သေးဘူး။ ကိုယ်တိုင် ဝင်ရေးဖို့စိတ်ကူးမရှိသေးဘူး။ ဒါပေမယ့်အခုတော့ ဝင်ဖြစ်ပြီ။ ရေးဖြစ်ပြီ။ ကိုယ်လည်း ဒီအသိုင်းအဝိုင်းရဲ့ မိသားစုဝင်တစ်ယောက်ဖြစ်ပြီပေါ့။ မိသားစု ဆိုတော့ တည့်သည့်လူလည်းရှိမယ်။ မတည့်သည့်လူလည်းရှိမယ်။ ခပ်တန်းတန်းနေတဲ့လူလည်းရှိမယ်။ ရင်းနှီးတဲ့လူလည်းရှိမယ်။ တစ်မိပေါက်တစ်ယောက်ထွန်းတဲ့လူလည်းရှိမယ်။ စုန်းပြူးတွေလည်းရှိမယ်။ ဒါပေမယ့် ကိုယ့်မိသားစု အဝန်းအဝိုင်းလေးကို […]