Aye KhaingJune 18, 20161min42515
 ကျနော့်အသက် ၁၅ နှစ်သားအရွယ်က “သားလုပ်ချင်တဲ့ အလုပ်ကို ရှာတွေ့သွားပြီ။ စာရေးဆရာ ဖြစ်ချင်တာ” လို့ အမေ့ကို ပြောခဲ့သည်။ အမေက “သားလေးရယ်။ မင်းအဖေက အင်ဂျင်နီယာပဲ။ သူက ကျိုးကြောင်းယုတ္တိကိုလည်း လက်ခံတယ်။ ဆင်ခြင်တုံတရားလည်း ရှိတယ်။ လောကကြီးကိုလည်း ရှင်းရှင်းလင်းလင်း မြင်တတ်တယ်။ စာရေးဆရာဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာ သားသိလား။” “စာအုပ်တွေ ရေးတဲ့သူကို ပြောတာလေ။” “သားရဲ့ဦးလေး ဟာရိုဒို ဆိုရင် ဆရာဝန်လုပ်တယ်။ သူလည်း စာအုပ်တွေ ရေးတာပဲ။ တချို့စာအုပ်တွေဆို ထုတ်တောင် ထုတ်ထားပြီးပြီ။ အင်ဂျင်နီယာပညာ သင်ပြီး အားတဲ့အချိန်ပိုမှာ စာရေးလို့ ရရဲ့သားနဲ့” “မဟုတ်ဘူးမေမေ။ ကျနော်က စာရေးဆရာ ဖြစ်ချင်တာ။ စာအုပ်တွေရေးတဲ့ အင်ဂျင်နီယာ ဖြစ်ချင်တာ မဟုတ်ဘူး။” “သားက စာရေးဆရာ တွေ့ဖူးမြင်ဖူးလို့လား” […]