Zaw WonnaNovember 17, 20101min560
အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် အိပ်ငိုက်နေသော လေယာဉ်မှုးတစ်ဦးသည် လေယာဉ်ပြေးလမ်းကို မှားယွင်စွာ ချဉ်းကပ်ပြီး အချက်ပြ အမှတ်အသားများကို သတိမထားပဲ ဆင်းသက်ခဲ့သောကြောင့် လူပေါင်း ၁၅၈ ဦး သေဆုံးခဲ့ရသည်။ အိန္ဒိယလေကြောင်းမှ လေယာဉ်မှုးဖြစ်သူ Zlatko Glusica သည် ၃ နာရီကြာ ခရီးစဉ်အတွင်း အိပ်ငိုက်နေခဲ့ပြီး လေယာဉ် စတင် ဆင်းသက်ချိန်တွင် ထိန်းသိမ်းနိုင်စွမ်းမရှိ ဖြစ်ခဲ့ရကြောင်း စုံစမ်းရေးအဖွဲ့မှ ကောက်ချက်ချခဲ့သည်ဟု Hindustan Times သတင်းစာတွင် ဖော်ပြသည်။ အဖိုးနည်းလေကြောင်းလိုင်း Air India Express မှလေယာဉ်သည် ယခုနှစ် မေလ ၂၂ ရက်နေ့တွင် Dubai မှ Mangalore ခရီးစဉ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လူ ၈ ဦးသာ အသက်ချမ်းသာရာ ရခဲ့ကြောင်း သိရသည်။ […]