wunnaApril 22, 20101min1647
သင်္ကြန်အကျက်နေ့မှာ ဗုံး ၃ လုံးပေါက်တယ်။ အဲနောက်မှာ၊ လွန်ခဲ့တဲ့ တစ်ရက်ကျော်က လပြည့်ဝန်းပလာဇာမှာ ဗုံးပေါက်တယ်ဆိုပြီး သတင်းမှားတစ်ခု ထွက်တယ်။ မနေ့က၊ ယုဇနပလာဇာမှာ ဗုံးပေါက်တယ်လို့ သတင်းထပ်ထွက်တယ်။ ဒီ ၂ ခု ထဲက တစ်ခုများ မြင်ရကြားရမလားမသိ။ ၁) နိုင်ငံတော်တစ်ဝှန်း လုံခြုံရေး အခြေအနေရ ရွေးကောက်ပွဲကို ရက် အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်သည်။ သို့မဟုတ် ၂) လုံခြုံရေး အခြေအနေအရ ပြည်ပ အဖွဲ့အစည်းများနဲ့ မီဒီယာများကို ရွေးကောက်ပွဲသို့ လာရောက် လေ့လာခွင့် ပြုမည်မဟုတ်ကြောင်း၊ မဲရုံ များတွင်လည်း လုံးခြုံရေများ တင်ကြပ်စွာ ချထားမည်ဖြစ်ကြောင်း။