weiweiOctober 21, 20103min21514
တိဗက်ပြည်နယ် လားစားမြို့ထဲက ပိုတာလာနန်းတော် (Potala Palace) ပုံတွေပါ။ နိပေါလ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတယ့်နေရာဖြစ်ပါတယ်။ အရင်တုန်းကတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ ခရီးသွားနဲခဲ့ပေမယ့် အခုတော့ တော်တော်လေး ခရီးသွားတွေစိတ်ဝင်စားတယ့် နေရာတစ်ခုဖြစ်နေပါပြီ။ လွန်ခဲ့တယ့် ၂ နှစ်လောက်က သွားရောက်ခဲ့တုန်းက ဓါတ်ပုံတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ မဟာယာနဗုဒ္ဓဘာသာ အထွန်းကားဆုံးနေရာတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ သဘာဝရှုခင်းတွေက အတော်လေးထူးခြားမှုရှိပါတယ်။ အဲဒီကိုသွားခဲ့တယ့် ခရီးသွားအတွေ့အကြုံကတော့ အခန်းဆက်ရေးမှ ပြည့်စုံမှာမို့ နောက်မှပဲ ဖော်ပြတော့မယ်။