fattyApril 30, 20111min13110
အတိတ်ကိုလဲမပိုင်ဆိုင်တော့ပါဘူး ….။ အနာဂါတ်ဆိုတာလည်း မပိုင်ဆိုင်သေးပါဘူး ….။ အခုလောလောဆယ် ပိုင်ဆိုင်တယ်လို့ပြောနိုင်တာက … အခုလောလောဆယ် ပစ္စုပ္ပန်ကာလလေးပါ ..။ ဆိုပါတော့ ကျနော်အခုစာရိုက်နေတယ် .. ကျနော်ပိုင်တဲ့ ကျနော့ရဲ့ပစ္စုပ္ပန်ကာလလေးဘဲပေါ့ ..။ တော်ကြာတော့ စာရိုက်တာပြီးသွားတော့မယ် ..။ခုနကပြောတဲ့ ပစ္စုပ္ပန် ကာလက အတိတ်ကာလဖြစ်သွားပြန်ပါပြီကော ….။ ကျောင်းသားဘဝက ကောင်မလေးတယောက်ကိုချစ်ခဲ့ဘူးတယ် …။ အရူးအမူးပေါ့ ..။ ကျောင်းသွားကျောင်းပြန် လဲသူ့နောက်တကောက်ကောက်လိုက် ..။ ကိုယ်အတန်းကိုမတက်နိုင်ဘူး .. သူ့အတန်းအပေါက်ဝရှေ့သွားပြီး ပိုစ်အမျိုးမျိုးနဲ့ တချိန်လုံး ရပ်ပြရ ..။ ခြေသလုံးတွေအိမ်ရောက်မှ ပရုပ်ဆီလိမ်းယူရတယ် ..။ မိုးတွေကလဲရွာ … မိုးရွာထဲ ထီးရှိရဲ့သားနဲ့ ထီးမဆောင်းဘူး .. တကိုယ်လုံးရွှဲ ..။ သူမြင်အောင်လုပ် …။ ဒီကြားထဲ .. သူ့နဲ့သူ့သူငယ်ချင်းတွေ […]