jullies cezerDecember 10, 20121min19212
ရွာသူရွာသားများအားလုံးမင်္ဂလာပါ ။ အောက်မှာမေးထားတာလေးတွေကိုအဖြေပေးကြပါအုံးနော် ။ ၁။ မြို့တော့မြို့ပဲ ရွာလို့ခေါ်နေကြတဲ့မြို့ ၂။ သူ့နာမည်ကရူးပြီးတကယ်မရူးတဲ့သူ ၃။ သူ့နာမည်ပါပြီးသူနေလို့မရတဲ့အိမ် ၄။ မရွေ့နိုင်ဘူးမသွားနိုင်ဘူးဆိုတဲ့အပင် ၅။ ချည်လို့မရတဲ့ကြိုး ၆။ အပင်မရှိပဲသီးတဲ့အသီး ၇။ လူတွေအစားစားတိုင်းပြောဖြစ်ကြတဲ့မြို့ ၈။ လက်တော့ပြရတယ်နှုတ်ဆက်တာမဟုတ် ၉။ နေမထိလေမထိရေ ၁၀။ မထနိုင်တဲ့အပင် ၁၁။ စည်တော့စည်ထည့်လို့မရတဲ့စည် ၁၂။ ဆန့်ကျင်ဘက်စာလုံးနဲ့အဓိပ္ပါယ်ဆန့်ကျင်တဲ့မြို့၄မြို့ ၁၃။ နာမည်ပြောင်းပြန်အနုပညာရှင်နှစ်ဦး ၁၄။ ငြင်းဆန်တဲ့အသီး ၁၅။ သော့ခတ်လို့မရတဲ့သေတ္တာ အဖြေအားလုံးမှန်သူများအား သူကြီးမှနှစ်လုံးပြုးဆုချမည်ဖြစ်ပြီး မမှန်ပါက နှစ် ၁၀၀ဝ ကျိန်စာတဲ့နော် ။ ရွာသူရွားအားလုံးအပျင်းပြေပျော်ရွှင်ကြပါစေ အားလုံးကိုခင်တဲ့ julliescezer


weiweiOctober 26, 20101min21015
မြန်မာစာတွေ မြန်မာစကားတွေအကြောင်း ဆွေးနွေးကြတာနဲ့ သတိရသွားလို့ ဉာဏ်စမ်းလိုက်အုန်းမယ် ….. မြန်မာစကားထဲက စကားလုံး (၅) လုံးပါတယ့် စာကြောင်းတစ်ခု။ ရှေ့ကနေစဖတ်လဲ ဒီအဓိပါယ်ပဲ နောက်ကနေ ပြောင်းပြန်ပြန်ဖတ်လဲ ဒီအဓိပါယ်ပဲ။ အဲဒါဘာလဲ ?????