petitelapineAugust 7, 20101min671
ကြွက်ဝမ်းဖြူများ အ ုပ်စုလိုက် ပြောင်းရွှေ့ခြင်းသည် အစာရေစာ ရှားပါးခြင်းကြောင့်ဖြစ်ပြီး စွတ်စိုအေးမြသည့် လာနီညာ ရာသီဥတု ဖြစ်လာနိုင်ခြေ ရှိသည့် အတွက်လည်း ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် လာနီညာရာသီဥတု ဖြစ်နိုင်ခြေ ၆၅ ရာခိုင်နှုန်း ရှိနေ၍ ရေကြီးခြင်၊ မြေပြိုခြင်း၊ မုန်တိုင်းဝင်ရောက်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၌ ပြီးခဲ့သည့် ဇူလိုင် ၁ရ ရက်နေ့က ပြုလုပ်ခဲ့သော “၂၀၁ဝ လာနီညာ ရာသီဥတု ဖြစ်နိုင်ခြေအပေါ် သုံးသပ်ချက်” ခေါင်းစဉ်ဖြင့် ဟောပြောပွဲတွင် ဦးထွန်းလွင်က ရာသီဥတုရှုထောင့်မှနေ၍ ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။ မိုးဦးအစတွင် ရိုးမအတွင်းရှိ ဝါးပန်းပွင့်ခြင်း၊ ဝါးသုဉ်းခြင်း၊ […]