etoneSeptember 29, 20101min731
လက်ရှိအခြေအနေ၌ ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံရှိ မြို့ကြီး အချို့၌ လျှပ်စစ်ဓာတ်အားရရှိမှု နည်းပါးနေသေးကြောင်းနှင့် လျှပ်စစ်ကဏ္ဍတွင် အများပိုင်ကုမ္ပဏီဖွဲ့၍ မီးပေးဝေခြင်းဖြင့် လျှပ်စစ်ဓာတ်အား ပိုမို ရရှိလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များက သုံးသပ်လာကြသည်။ “အခုတော့ စက်မှုဇုန်တွေကို တစ်နေ့ကို ၁ဝ နာရီ၊ မနက် ရ နာရီ ကနေ ညနေ ၅ နာရီအထိ မီးပေးပါတယ်။ ဒါပေမယ့် နွေရာသီမှာ တော့ ဘယ်လိုလာမယ် မသိသေးပါဘူး။ မီတာခကတော့တစ်ယူနစ်ကို ကျပ် ၅ဝ လောက် ကျပါတယ်။ နိုင်ငံ တကာဈေးကတော့ ကျပ် ၇ဝ ဝန်း ကျင်လောက် ကျပါတယ်။ ဒီမှာ တကယ်လို့ အများပိုင်အနေနဲ့ ပေါ်ပေါက်လာရင်လည်း ဒီထက်ပိုဈေး မြင့်ကောင်း မြင့်သွားနိုင်တယ်။ ဒါပေမယ့် အဆိုင်းနဲ့ပေးတဲ့ပုံစံမဟုတ်တဲ့ […]


etoneSeptember 17, 20101min510
၂၀၀၉-၂၀၁ဝခုနှစ်အတွင်း သင်တန်းကျောင်းများ၌ စောင့်ရှောက်ပေးထားသော အခြေအနေမဲ့ နေထိုင်သူများအနက် မိဘအုပ်ထိန်းသူထံသို့ ပြန်အပ်နှံသည့်ကလေး အရေအတွက် ၈၂၅ ဦးရှိကြောင်း တရားဝင် ထုတ်ပြန်သောစာရင်းအရ သိရသည်။ အလားတူပင် ၂၀၀၉-၂၀၁ဝ ခုနှစ်တွင် သင်တန်းကျောင်းများသို့ ယာယီပို့အပ်စောင့်ရှောက်ထားသည့် ကလေးမှာလည်း ၈၈၂ဦးရှိကြောင်း သိရပါသည်။ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ သင်တန်းကျောင်းများ၌ စောင့်ရှောက်ထားပေးသော အခြေ အနေမဲ့နေထိုင်သူများတွင် မိဘအုပ် ထိန်းသူရှိပါက မိဘအုပ်ထိန်းသူ များနှင့် ပြန်လည်ပေါင်းစည်းပေး ကြောင်း သိရသည်။ အခြေအနေမဲ့ နေထိုင်သူများကို မြို့တော်စည်ပင်သာယာ ရဲတပ်ဖွဲ့ စခန်း၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနနှင့် မြို့တော်စည်ပင် သာယာနယ်နိမိတ်အတွင်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့စခန်းများမှ စီမံချက်ဖြင့်ခေါ်ယူ၍ မြို့တော်စည် ပင်သာယာ ရဲတပ်ဖွဲ့စခန်း(ဟံသာဝတီ)၌ ခေတ္တထိန်းသိမ်းစောင့် ရှောက်ထားပြီး ထို့မှတစ်ဆင့် အသက် ၁၆ နှစ်အောက် […]


etoneSeptember 17, 20101min1043
ယခုနှစ်အတွင်း ကြိုးဖုန်းနှင့် မိုဘိုင်းဖုန်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တိုးချဲ့ချထားပေးနိုင်ရန် စီစဉ်လျက်ရှိရာ အဆိုပါဖုန်းများ အားလုံးကို အများပြည်သူထံ ချထားပေးမှုများ ပြီးစီးပါက မြန်မာနိုင်ငံတွင် ဖုန်းကိုင်ဆောင်နိုင်သူ ဦးရေ ၂၆ သိန်းကျော်အထိ ရှိလာမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ တရားဝင်ထုတ်ပြန်ချက်များ အရ သိရှိရသည်။ လက်ရှိအချိန်၌ မြန်မာပြည်တွင် အော်တိုတယ်လီဖုန်းအလုံးရေ ၈၆၆၀၈၄လုံး၊ ARTS ရေဒီယိုတယ် လီဖုန်း အလုံးရေ ၃၈၅၆လုံး၊ DECT ရေဒီယို တယ်လီဖုန်း အလုံးရေ ၁၉၄၈၊ CDMA (Fixed ) တယ်လီဖုန်းအလုံးရေ ၂၀၀၃၈လုံး၊CDMA (Mobile ) တယ်လီဖုန်း အလုံးရေ ၅၄၅၆၅ဝလုံး၊CDMA -800 တယ်လီဖုန်းအလုံးရေ ၁၅၀၀၀ဝလုံး၊D-AMPS တယ်လီဖုန်း အလုံးရေ ၃၈၄၀ဝ လုံး၊ GSM တယ်လီဖုန်း […]


etoneSeptember 17, 20101min812
အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်မှုလုပ်ငန်းများ ကို ဆောင်ရွက်မည့်အဖွဲ့များ တိုးလာကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် ကိုရီးယား-အာဆီယံ အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းများကို ၂၀၀၄ ခုနှစ်ကတည်းက လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်းကာဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လက်ရှိ ကိုရီးယား-မြန်မာ အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများမှာ မြန်မာဝိုင်အမ်စီအေ၊ World Vision (မြန်မာ)၊ Global Vision ၊ Help Age International အစရှိသောအဖွဲ့အစည်းများမှ ၎င်းတို့၏ စီမံချက်နယ်မြေများတွင် သက်ကြီးရွယ်အိုများကို အိမ်တိုင်ရာ ရောက်စောင့်ရှောက်မှု ပြုလုပ်ပေးနေ ပြီး အလားတူပင် ကျန်းမာရေးဦးစီး ဌာနမှလည်း သက်ကြီးရွယ်အို ကျန်း မာရေးစောင့်ရှောက်မှုအဖြစ် စီမံချက်ဝင်မြို့နယ်များရှိ သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးစောင့်ရှောက်မှု ကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း သက်ကြီးရွယ်အိုများ၏ […]