etoneSeptember 22, 20101min101
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အား အာဆီယံတွင် ပထမဆုံးစံပြအဖြစ် တိုက်ခိုက်ချေမှုန်းပစ်မည်ဟု မြန်မာစစ်အစိုးရဝန်ကြီးချုပ်၊ ကြံ့ဖွတ်ပါတီခေါင်းဆောင် ဦးသိန်းစိန်က ယခုစက်တင်ဘာလဆန်းပိုင်းတွင် ခြိမ်းခြောက်ခဲ့သည်။ ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနား၊ လဝါယန်အခြေစိုက်  ဦးလဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့နှင့် ပန်ဝါအခြေစိုက် ယခင်ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) နယ်ခြားစောင့်တပ်တို့၏ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဦးသိန်းစိန်မှ ဤကဲ့သို့ပြောခြင်းဖြစ်သည်။ ဦးသိန်းစိ်န်က ရွေးကောက်ပွဲပြီးလျှင် “KIO အား အရှေ့တောင်အာရှ (အာဆီယံ) တွင် စံပြအဖြင့် တိုက်ခိုက်ချေမှုန်းပစ်မည် ”ဖြစ်ကြောင်း စစ်အစိုးရသစ္စာခံ ကချင်လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့အား အထူးဖိတ်ခေါ်၍ ပြောကြားခြင်းဖြစ်သည်။ ၎င်းတွေ့ဆုံပွဲသို့ လဝါယန်အခြေစိုက် ပြည်သူ့စစ်တပ်ဖွဲ့မှ ခေါင်းဆောင် ဦးလဆန်အောင်ဝါ ကိုယ်တိုင်နှင့် NDA-K နယ်ခြားစောင့်တပ်ဖွဲ့ (BGF) မှ ခေါင်းဆောင် ဦးဇခုန်တိ်န့်ယိန်းကိုယ်စား အခြား BGF စစ်ဗိုလ်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။ အစည်းအဝေးတွင် သိန်းစိန်က […]