etoneSeptember 29, 20101min811
လက်ရှိအခြေအနေ၌ ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံရှိ မြို့ကြီး အချို့၌ လျှပ်စစ်ဓာတ်အားရရှိမှု နည်းပါးနေသေးကြောင်းနှင့် လျှပ်စစ်ကဏ္ဍတွင် အများပိုင်ကုမ္ပဏီဖွဲ့၍ မီးပေးဝေခြင်းဖြင့် လျှပ်စစ်ဓာတ်အား ပိုမို ရရှိလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များက သုံးသပ်လာကြသည်။ “အခုတော့ စက်မှုဇုန်တွေကို တစ်နေ့ကို ၁ဝ နာရီ၊ မနက် ရ နာရီ ကနေ ညနေ ၅ နာရီအထိ မီးပေးပါတယ်။ ဒါပေမယ့် နွေရာသီမှာ တော့ ဘယ်လိုလာမယ် မသိသေးပါဘူး။ မီတာခကတော့တစ်ယူနစ်ကို ကျပ် ၅ဝ လောက် ကျပါတယ်။ နိုင်ငံ တကာဈေးကတော့ ကျပ် ၇ဝ ဝန်း ကျင်လောက် ကျပါတယ်။ ဒီမှာ တကယ်လို့ အများပိုင်အနေနဲ့ ပေါ်ပေါက်လာရင်လည်း ဒီထက်ပိုဈေး မြင့်ကောင်း မြင့်သွားနိုင်တယ်။ ဒါပေမယ့် အဆိုင်းနဲ့ပေးတဲ့ပုံစံမဟုတ်တဲ့ […]