အဇဋာSeptember 10, 20121min2168
သမ္မတဦးသိန်းစိန်၏ ကက်ဘိနက်အဖွဲ့ အပြောင်းအလဲတွင် ဒေါ်မြတ်မြတ်အုန်းခင်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဖြစ်လာရာ နှစ်ပေါင်းခြောက်ဆယ်ကျော်တွင် ပထမဆုံး ပြည်ထောင်စုအဆင့် အမျိုးသမီး ဝန်ကြီး ခန့်အပ်ခံရခြင်း ဖြစ်သည်။ ဩဂုတ်လ ၄ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က  အတည်ပြုပေးခဲ့သော ဝန်ကြီးနှင့် ဒုတိယစာရင်းအရ ယခင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သော ဒေါ်မြတ်မြတ်အုန်းခင်မှာ ရာထူးတိုးကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဖြစ်သွားသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်ကစ၍ ယနေ့အထိ ရေတွက်လျှင် အာဏာသိမ်း စစ်အစိုးရများ အပါအဝင် အစိုးရ ခုနှစ်ခုမြောက်ဖြစ်နေချိန်တွင် ဗဟိုအစိုးရတွင် အမျိုးသမီးဝန်ကြီး ရရှိသည်မှာ ယခုတစ်ကြိမ်သာ ဖြစ်သည်။ “မြန်မာနိုင်ငံရဲ့ သမိုင်းမှာ၊ ကျွန်တော်ကြုံခဲ့သလောက် အမြင့်ဆုံးအနေနဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ် အဖြစ် ဒေါ်ခင်ကြည် ဖြစ်ဖူးတာပဲရှိတယ်၊ ဒိအပြင်တော့ […]