True AnswerJanuary 18, 20121min1132
စိတ်စင်ကြယ်ဖို့အဓိက -စိတ်ထဲမှာ ရာဂစသည့်အညစ်အကြေးများပြည့်နှက် နေလျက်နှင့် အပြင်ပကိုသာ သုတ်သင်ဆေးကြော နေခြင်းသည် အဘယ်အကျိုးရှိမည်နည်း။ -မြင့်မြတ်သောစင်ကြယ်မှုကို ရရှိဖို့ရန်သည် မှန်ကန်သော တရားဓမ္မ စောင့်စည်းမှု မြင့်မြတ်သည့် အကျင့်တရားတို့၌ တည်ရှိနေ၏။ စိတ်ကို အသုံးမမှားဖို့ သာ အရေးကြီးပါ။ -သတ်မှတ်ချက်တွေကို အဓိက ထားနေတဲ့ (စိတ်နဲ့ ပတ်သက်တဲ့)အမှားကင်းဖို့ အရေးကြီးတယ်။ -စိတ်ကို အတည်ယူဆုပ်ကိုင် အဓိကထားပြီး တလွဲ သုံးနေလို့၊(မတည်ငြိမ်တဲ့ စိတ်သဘာဝနဲ့ တစ်သား တည်း မကျလို့) စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ဖြစ်တာ။ -ဖြစ်ပေါ်နေတဲ့စိတ်အပါအဝင် စိတ်နဲ့ပတ်သက်တာတွေထက် ဒါတွေရဲ့နောက်ကွယ်က ဒီအကျိုးတရား တွေကို ဖန်တီးနေတဲ့ အကြောင်းတရားက ပိုအရေးကြီးတယ်။ “ အကြောင်းအကျိုး´´ -မျှော်လင့်ချက်ကြီးသလောက် စိတ်ပျက်ခြင်း ကြီးရလိမ့်မယ်။ -အချစ်ကြီးသလောက် အမျက်ကြီးရလိမ့်မယ်။ -အစွဲမကြီးနဲ့၊ စွန့်လွှတ်ခြင်းကြီးပါ။ -အလိုမကြီးနဲ့၊ […]


True AnswerJanuary 12, 20121min1053
“တကယ်တန်ဖိုးရှိတဲ့အရင်းအနှီး“ – စွန့်လွှတ်မှုအရင်းအနှီးက တကယ်တန်ဖိုးအရှိဆုံး အရင်းအနှီးပါပဲ။ – ပိုက်ဆံကိုရော၊ ပိုက်ဆံရှိတာမရှိတာကိုရော အဓိကထားမှုကို စွန့်လွှတ်နိုင်တဲ့အရင်းအနှီးရှိဖို့ ကြိုးစား ရမယ်။ -ကောင်းမှုကုသိုလ်အရင်းအနှီးရှိလို့ ဒါန၊သီလ၊ ဘာဝနာအလုပ်တွေ လုပ်လို့ရတာ၊ အရင်းမပြုတ်သွားဖို့ အရေးကြီးတယ်၊ အရင်းပြုတ်သွားရင် ကောင်းတာ ဆက်လုပ်လို့ မရတော့ဘူး။ -လောဘ၊ဒေါသ၊မောဟ အကုသိုလ်အရင်းအနှီးသာ ရှိရင် သတ်မှတ်ထားတဲ့ လောကီအကျိုးစီးပွား ရှာတဲ့ အလုပ်သာလုပ်လို့ရမယ်။ လောကီအကျိုးစီးပွားဖြစ်ထွန်းဖို့ကိုသာ အဓိကထားတတ်တယ်။ -အတည်ယူ ဆုပ်ကိုင် တန်ဖိုးသတ်မှတ်တဲ့ (တန်ဖိုးထားတဲ့)အလုပ်ကို စွန့်နိုင်တဲ့စွမ်းရည်သတ္တိကမှ တကယ်တန်ဖိုးရှိတာအစစ်။ – ဒါန၊သီလ၊ဘာဝနာဆိုတဲ့ကောင်းမှုကုသိုလ်အလုပ်တွေကို အချိန်တိုင်း၊နေရာတိုင်း၊အခြေအနေတိုင်း လုပ်နိုင်ဖို့ ကြိုးစားရမယ်။ “မြတ်သောရှာဖွေခြင်း “ – အမှန်တရားရှာဖွေရင် ကောင်းကျိုးတွေ အကုန်ရ တယ်။ ပိုက်ဆံအပါအဝင် တခြားဟာတွေ ရှာရင် တော့ ပိုက်ဆံတင်မကမကောင်းကျိုးတွေပါရမယ်။ မြတ်သောအကျင့်(မဂ္ဂင်လမ်း)ကိုသာ […]


True AnswerJanuary 6, 20121min1030
” အဓိကမထားနဲ့။” -လုပ်သင့်တာကိုလုပ် လုပ်တာ-မလုပ်တာ-လုပ်ချင်တာ-မလုပ်ချင်တာ ကိုတော့ အဓိကမထားနဲ့။ -စားသင့်တာကိုစား စားတာ- မစားတာ- စားချင်တာ-မစားချင်တာ ကိုတော့ အဓိကမထားနဲ့။ -ပြောသင့်တာကိုပြော ပြောတာ-မပြောတာ-ပြောချင်တာ-မပြောချင်တာကိုတော့ အဓိကမထားနဲ့။ -ဖြစ်ရမှာတွေတော့ ဖြစ်မှာပဲ၊ ဖြစ်တာ-မဖြစ်တာ-ဖြစ်ချင်တာ-မဖြစ်ချင်တာတွေကို တော့ အဓိကမထားနဲ့။ -မှားတာရော မှန်တာရော တွေ့ကြုံဖို့သက်သက် ပါပဲ၊ မှားတယ် မှန်တယ်ဆိုပြီး အမှားအမှန်ကို အဟုတ်ထင်-ငြိတွယ်-အဓိကထားနေရမှာ မဟုတ်။ -လည်တာရော၊ အ တာရော တွေ့ကြုံဖို့သက်သက် ပါပဲ၊ လည်လိုက်တာ အလိုက်တာဆိုပြီးအတည်ယူ ဆုပ်ကိုင် – အဓိကထားရမှာ မဟုတ်ဘူး။ -လုပ်သင့်တာကိုလုပ်နိုင်ဖို့ကိုသာ အဓိကထား၊ လုပ်ချင်တာ-မလုပ်ချင်တာကို အဓိကမထားနဲ့။ -ဖြစ်သင့်တာ ဖြစ်ဖို့ကိုသာ အဓိကထား၊ ဖြစ်ချင်တာ-မဖြစ်ချင်တာကို အဓိကမထားနဲ့။ -သိသင့်တာသိဖို့ကိုသာအဓိကထား၊ သိချင်တာ- မသိချင်တာကို အဓိကမထားနဲ့။ -လုပ်တာမလုပ်တာ၊ဖြစ်တာမဖြစ်တာ၊နားလည်တာ နားမလည်တာတွေအပေါ် […]


True AnswerAugust 20, 20111min1144
သန်လျင်သဘာဝရိပ်သာဆရာတော် ဦးဥတ္တမသာရ (ဆူနာမီဆရာတော်) လမ်းညွှန်သင်ပြပေးသော လောကီ၊ လောကုတ္တရာ ကောင်းကျိုးအတွက် တိုက်ရိုက်ကျေးဇူးပြုမည့် မှန်ကန်တဲ့နားလည်မှု ကို ဖြစ်စေသော အနတ္တအဆုံးအမများ (၁-၂၀၁၁) ကို ebook အဖြစ် ဖန်တီးလျှက် ဓမ္မဒါန တင်ပြအပ်ပါသည်။ အနတ္တအဆုံးအမများ သည် လောကီ ဘဝအမော၊ အခက်အခဲ ပြဿနာများ ဖြေရှင်းနိုင်ရေး အတွက်ရော…..မဂ်ဉာဏ်-ဖိုလ်ဉာဏ်ကို ကျေးဇူးပြုမည့် တရားနှလုံးသွင်းမှုအတွက်ပါ အသုံးချရုံ အသုံးချရမည့် (မှန်ကန်တဲ့နားလည်မှု ဖြစ်ပေါ်ရေး) လမ်းညွှန်အဆုံးအမများဖြစ်သဖြင့် တကယ်လက်တွေ့ နားလည်-နှလုံးသွင်းတတ်စေရန် အဖန်ဖန် နှလုံးသွင်း လေ့ကျင့်ဖို့ လိုအပ်ကြောင်း လေးစားစွာ အကြုံပြုအပ်ပါသည်။ ebook ကို ဒေါင်းလုပ်ပြုရန်လင့် http://www.mediafire.com/?7m0okherbjlbtqa