ကျွန်တော်တို့ရဲ့ တစ်နေ့တာ အရေးကြီး အလုပ်တွေထဲက ကိစ္စတစ်ခုကို ပြောရမယ်ဆိုရင် ……… ။ အယဉ်ကျေးဆုံး သုံးနှုန်းရရင် ‘အိပ်သာ သွားရခြင်း’ ကလည်း တစ်ခု အပါအဝင် ဖြစ်မယ်လို့ ထင်ပါတယ်။ အခု ဒီ post အတွက်တော့ ဒီစကားလုံးကို ပွင့်ပွင့်လင်းလင်းပဲ အသုံးပြုသွားပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပေးထားတဲ့ ခေါင်းစဉ်မှာကိုက ပါပြီးသားမို့ပါ။ အိပ်သာ တက်တာ၊ မစင်စွန့်တာကို အီးပါတယ်၊ အီးယိုတယ်လို့ သုံးကြပါတယ်။ ရွာဘက်တွေမှာဆိုရင် အရင်တုန်းက အီးယိုချင်ရင် ရွာအနောက်ဘက်ကို ထွက်ပြီး ယိုကြရတယ်။ ချုံကွယ်ပြီး ယိုကြတာပေါ့ဗျာ … ။ အဲဒီလို ယိုနေတုန်းများ လူတစ်ယောက်ယောက် တွေ့သွားရင်ဖြင့် ဘယ်လောက် ရှက်ဖို့ ကောင်းလိမ့်မလဲနော်။ ဒါပေမယ့်လို့ အချို့များကြတော့ မရှက်တတ်ဘူးဗျို့။ မျက်နှာပြောင်တိုက်ပြီး […]