အမေရိကန်ပြည်ထောင်စု အတ္တလန္တိတ် ကမ်းရိုးတန်း တလျှောက် ပြင်းအား အဆင့် ၃ ရှိပြီး Irene အမည်ရှိ ဟာရီကိန်း မုန်တိုင်းကြီးသည် အရှေ့ဘက် ကမ်းရိုးတန်းဒေသသို့  စနေနေ့ညမှ စတင် ဝင်ရောက်လာလျက် ရှိနေသောကြောင့် မြောက်ကာရိုလိုင်းနား၊ ဗာဂျီးနီးယား၊ မေရီလင်း၊ ကွန်နက်တီကပ်၊ နယူးယောက်နဲ့ နယူးဂျာစီ ပြည်နယ် များရှိ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များက အရေးပေါ် အခြေအနေ တစ်ရပ်အဖြစ် ကြော်ငြာထားကြောင်း သိရသည်။ အမေရိကန် ပြည်ထောင်စု၏ တောင်ဘက် ကာရစ်ဘီယံ ကျွန်းစုထဲရှိ ဘဟားမားကျွန်း၌ တနာရီလျင် လေတိုက်နှုန်း ၁၁၅ မိုင်နှုန်းဖြင့် ဝင်ရောက် တိုက်ခတ်လျက် ရှိနေသော ဟာရီကိန်းမုန်တိုင်း အိုင်ရင်းသည် စနေနေ့ညမှ စတင်ပြီး မြောက်ကာရိုလိုင်းနားပြည်နယ်သို့ အရင်ဆုံး စတင် ဝင်ရောက်လာမည် ဖြစ်ကြောင်းလည်း […]