Phaung PhaungMarch 24, 20121min1498
ဟာသလေးတွေပါ…………… 🙂 ရယ်မောခြင်းဖြင့် အသက်ရှည်ပါစေ။ ရယ်စရာ(1) အင်မတန်ချောမောပြီး ယောက်ျားပီသတဲ့ လူတစ်ယောက်ကိုတွေ့ရင် မင်းဘာလုပ်မလဲလို့ သူငယ်ချင်းတစ်ယောက်ကမေးတယ်။ ခင်ဗျားကိုလည်း ကျွန်တော်က အဲဒီမေးခွန်းပြန်မေးချင်တယ်။ ကျွန်တော့်အဖြေလား။ ခင်ဗျားစိတ်ဝင်စားရင် ပြောပြမယ်။ အဲဒီလူကို ကျွန်တော်သေသေချာချာကို စိုက်ကြည့်မယ်။ ကျွန်တော့်မျက်လုံးတွေ ဘယ်ကိုမှ မရွှေ့ဘဲ အဲဒီလူကို စိုက်ကြည့်နေမယ်။ စိတ်ထဲမှာလည်း အတော်ကို ဥပဓိရုပ်ကောင်းတဲ့လူပါလားဆိုပြီ း ချီးကျူးနေမယ်။ ဒီလူလောက်ချောမောပြီး ယောက်ျားပီသတဲ့လူ ဒီကမ္ဘာပေါ်မှာ ရှိမှရှိပါ့မလားလို့လည်း တွေးနေမယ်။ ပြီးရင် ကျွန်တော်ပြုံးပြမယ်။ ထပ်ပြီးပြုံးဦးမယ်။ အဲ… အဲဒီလူကိုစိုက်ကြည့်နေရတာ အတော်လေးကို ကျွန်တော်ပင်ပန်းသွားပြီဆိုပါတော့ဗျာ။ ဘာလုပ်မလဲ… ဟုတ်လား။ ဘာလုပ်ရမလဲဗျ။ ကျွန်တော့်လက်ထဲမှာကိုင်ထားတဲ့ မှန်ကို အောက်ချရတော့မှာပေါ့။ မှန်ကို ကျွန်တော်အကြာကြီး ကိုင်မထားနိုင်ဘူးလေဗျာ။ ရယ်စရာ(2) အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ […]