နိုဝင်ဘာလ ၁ဝ ရက်၊ ည ၈နာရီ ၄၅ မိနစ်ခန့် က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နန့်ခမ်းမြို့နယ်၊ နန့်ခမ်း ရဲစခန်းရှေ့မှာ မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ မိုင်းလို့ယူဆရတဲ့ ၁ ပေခွဲပတ်လည် အထုတ် ၁ ထုတ်ကို ဆိုင်ကယ်ပေါ်ကနေ ပစ်ချပြီး ထွက်ပြေးသွားလို့ ဒုရဲအုပ်ဇော်ထူးခေါင်ဆန်နဲ့အဖွဲ့က သွားရောက်စစ်ဆေးစဉ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် ဒုရဲအုပ် ဇော်ထူးခေါင်ဆန်မှာ မူဆယ်ဆေးရုံတွင် သေဆုံးသွားပြီး အခြား ဒဏ်ရာရသူ ၃ ဦး ဖြစ်တဲ့ ဒုရဲတပ်ကြပ် ကျော်စွာမိုးနှင့် အမျိုးသမီး ၂ ယောက်ကိုတော့ မူဆယ်ပြည်သူ့ဆေးရုံကြီးတွင် ကုသဆဲ ဖြစ်ပါတယ်။   နိုဝင်ဘာလ ၁၂ ရက်နေ့ညက မြစ်ကြီးနားမြို့ပေါ်မှာ မပေါက်ကွဲသေးတဲ့ မိုင်းတစ်လုံးကို ရှာဖွေ ဖျက်ဆီးနိုင်ခဲ့သော်လည်း မိုင်းနှစ်လုံးမှာ […]