mgsaiDecember 1, 20151min26210
သူ့နာမည်က ဒေါ်ပြောင်းဖူး။ အားလုံးက ခေါ်တဲ့ နာမည်ပေါ့။ အသက်က ၄ရနှစ်။ ကလေးက ၄ ယောက်။ ယောက်ျားက အရက်သမား လေဖြတ်။ အလုပ်အကိုင်ကတော့ ကျောက်တော်ကြီးဘုရားမှာ မုန့်တီတို့ အသုပ်တို့ ရောင်းတယ်။ အရင်တုန်းက ပြောင်းဖူးပြုတ်ရောင်းတော့ အနားက ဈေးသည်အားလုံးက ဒေါ်ပြောင်းဖူးလို့ပဲ ခေါ်ကြတယ်။ တစ်နေ့ ကျောက်တော်ကြီးဘုရား ချစ်ချစ်နဲ့သွား၊ ဗိုက်ဆာလာတော့ အဲဒီဆိုင်လေးမှာ ထိုင်ဖြစ်တာပေါ့။ ထိုင်ဖြစ်တော့ ထုံးစံအတိုုင်းအသုပ်နဲ့ မုန့်တီမှာတာပေါ့။ အဲဒီမှာ ကလေးလေး နှစ်ယောက်က ပန်းကန်လေးတွေနဲ့ အစုံသုပ် ၁၀ဝ ဖိုးနှစ်ပွဲဆိုပြီးတော့ လာဝယ်ကြတာ။ ကျွန်တော်လဲကြည့်နေတာ အဲဒီအဒေါ်ကြီးရဲ့ ၁၀ဝ ဖိုးကလဲ ပုံမှန်ပွဲလောက်ပဲ သုပ်ပေးပြီးတော့ ဟင်းရည်ပါ အိတ်နဲ့ ထည့်ပေးနေတာ။ ကျွန်တော်က ကလေးတွေလဲပြန်ထွက်သွားရော ” အဒေါ်ကြီး ၁၀ဝ ဖိုးကလဲ များလိုက်တာ ” လို့ပြောလိုက်တာပေါ့။ ” အန်တီတို့ကလဲ တစ်ပွဲကို ၂၀၀ ရောင်းတာပါ။(အခြား အသုပ်ဆိုင်တွေ တစ်ပွဲကို သုံးရာကနေ ငါးရာအထိ ဈေးရှိပါသည်) […]


mgsaiSeptember 18, 20151min1637
ကျွန်မနာမည်လား မိချမ်းလေ မွေးတာကတော့ ဧရာဝတီတိုင်းက မြို့တစ်မြို့ပေါ့။ ပညာလား . . . သင်ခဲ့တယ်လေ ၆တန်းလောက်ထိ။ အဖေက တံငါလုပ်တယ် အမေကတောင်သူလုပ်တယ်ပေါ့။ အဖွားတို့ဘာတို့လဲရှိတယ်။ မောင်နှမကလဲ ၈ ယောက်ဆိုတော့ ကျောင်းကလဲ အဆင်ပြေတဲ့နှစ်တက်တယ် အဆင်မပြေတဲ့နှစ်တော့ မတက်ပဲ အိမ်မှာဝိုင်းကူပေါ့။ ၆ တန်းရောက်တော့ အသက် ၁၅ နှစ်ဖြစ်နေပြီလေ။ အင်း အခုအငယ်ကောင်လေးတစ်ယောက်တော့ ၁ဝ တန်းဆိုလားပဲ။   အိမ်ထောင်လားကြနေပြီလေ။ ကလေးတင်သုံးယောက်နဲ့ တစ်ဗိုက်။ ယောက်ျားက ပန်းရံနောက်လိုက်။ ရွာက ဘုန်းကြီးကျောင်းကို ပန်းရံလာလုပ်ရင်းနဲ့ ညားကြတာ။ အခုနေတာက လှိုင်သာယာမှာ။ တဲငှားနေတယ်လေ။ မထူးဆန်းပါဘူး တစ်ချို့ဆိုမိသားစု နှစ်စုလောက် အဲဒီတဲလေးကို ငှားပြီးနေကြတာ။ အော် ကျွန်မရဲ့ တစ်နေ့တာကို သိချင်တယ် ဟုတ်လား။ […]

Chicken-Shit.jpg

mgsaiSeptember 16, 20151min1976
ကိုရီးယားဆိုရိုးပုံပြင်လေးတစ်ခုဖြစ်ပါတယ်။ တစ်ခါတုန်းက လူစည်ကားတဲ့ ဈေးလမ်းမကျယ်တစ်နေရာမှာ ခွေးချေးပုံတစ်ပုံ ကျနေသတဲ့။ ခွေးချေးပုံက လမ်းလယ်မှာဆိုတော့ ဈေးထဲကို လာကြတဲ့ လူတွေ၊ကြက်တွေနဲ့ အခြား ခွေးတွေပါမကျန် ခွေးချေးပုံလဲ မြင်ရော ကြောက်ကြောက်လန့်လန့်နဲ့ ရှောင်သွားကြတယ်။ အဲဒီအချိန်မှာ ခွေးချေးပုံက သူ့ကိုယ်သူပြန်စဉ်းစားတယ်။ ” ကြည့်စမ်း ငါဟာလောကကြီးမှာ အလွန်ကြောက်ဖို့ကောင်းတဲ့ အရာပါလား။ ငါ့ကိုတွေ့သမျှ လူတွေ၊ တိရစာ္ဆန်တွေ အကုန်လုံး ငါ့ကို ကြောက်လို့ ရှောင်ကွင်းသွားကြတာပါလား” ဆိုပြီးတွေးနေတယ်။ ဒီလိုနဲ့ ခွေးချေးပုံဟာ ကြုံးဝါးလိုက်တယ်။ ” ငါဟာ ဒီလောကမှာ ကြောက်စရာ အကောင်းဆုံးအရာဖြစ်တယ် ” ဆိုပြီးတော့ပေါ့။ ဒီအချိန်မှာ အနားမှာ ဟိုသွားဒီသွား လုပ်နေတဲ့ ကြက်တစ်ကောင်က အနားကပ်လာတယ်။ ” ဒီမယ် ချေးပုံ မင်းကို ဒီလူတွေ တိရစာ္ဆန်တွေ […]


yiwaiNovember 24, 20131min1484
“မိစ္ဆာစီးနင်းခံ ည” (ဝါ) “အမှောင်ငတ်သူ….” ———————————–   အရောင်တွေ မည်းနက်နေသည်လား။ အမည်းရောင်တွေလေပဲလား။ အမြင်အာရုံတစ်ခုလုံးသည် အမည်းရောင်၏ ဖုံးအုပ်ထားမှုအောက် ကျရောက်နေသည်။   “အရောင်တွေဆာလိုက်တာ”   ရေဆာသည်ဆိုသည့် ခံစားချက်လိုပင် သူယခု အရောင်တွေ ဆာနေသည်။ ကြည့်လေရာမြင်လေရာတိုင်းသည် အမည်းရောင်။ ပိန်းပိတ်အောင် ထူထပ်နေသည့်အမှောင်မဟုတ်။ အမှောင်အုပ်ဆောင်းအောက် ကျရောက်နေသည့် ကြက်တစ်ကောင်ပမာ ခံစားနေရသည်။ အောက်အီးအီးအွတ်ဟု ကြက်ကအော်လျှင် လူအများက ကြားနိုင်သေးသည်။ သူသည်ကော။ ဒီအမည်းရောင်အုပ်ဆောင်းအောက်က လွတ်ဖို့ ဘယ်လိုအော်ရမလဲ ဟု အပြင်းအထန်စဉ်းစားနေမိသည်။ ငှက်ဆိုသည်မှာ ပျံရင်းသေ၊လူဆိုသည်မှာ ကြံရင်းသေသတဲ့။ ရှေးခေတ်စာပေမှာ ဖတ်ခဲ့ဖူးသည်။ ယခု သူ အမည်းရောင်အုပ်ဆောင်းအောက် မနေချင်သည့်အတွက် ကြံစည်ရပေတော့မည်။ သူက လူကိုး။ …………….. “အရောင်တွေ ဆာလိုက်တာ”   […]


yiwaiNovember 21, 20131min1462
“ရုပ်သေးရုပ်ပွဲတော်” ======================== တိတ်ဆိတ်မှောင်မိုက်နေသော လမ်းကျဉ်းလေးဝယ် ထိုင်နေသူအများအပြားရှိပါသည်။ သူတို့သည် မျှော်လင့်ခြင်းကြီးစွာဖြင့် ကောင်းကင်ဆီသို့မော့ကြည့်နေကြသည်။ ထိုတိတ်ဆိတ်မှောင်မိုက်နေသော လမ်းလေးမှာပင် လှုပ်ရွနေကြသူများလည်းရှိပါသည်။ “ဘယ်တော့လာမှာလဲ” “ဘယ်တော့လာမှာလဲ” တိုးသဲ့သဲ့မေးသံများသည် တိတ်ဆိတ်ခြင်းကို ရံဖန်ရံခါ ဖေါက်ထွက်လာကြ၏။ သို့သော် ထိုမေးခွန်းသည် မေးခွန်းသာဖြစ်လျှက် အဖြေမရှိ။ အဖြေမရှိခဲ့။ လမ်းကျဉ်းလေးဝယ် အလင်းတချို့ စိုက်ခနဲ စိုက်ခနဲ ကျလာသည်။ ထိုအလင်းတို့အား လိုက်ဖမ်းနေကြ၏။ ကိုယ့်ဘေးနားသို့ အလင်းကျလာပါလျှက် မမြင်ကြသူတွေကလည်း အများအပြား။ “မလာသေးဘူးလား” “ခုထိ မလာသေးဘူးလား” “မျှော်ရတာ ပင်ပန်းလှပြီ” လူတချို့၏ တီးတိုးရွတ်ဆိုသံသည် သိပ်မကျယ်လောင်တော့။ အလင်းဖမ်းသူအများအပြား၏ လှုပ်ရွသံသည်သာ ဖုံးလွှမ်းသွား၏။ “ဟော ဟိုနားမှာ ဟေ့” “ဒီမှာဟ ဒီမှာ” ……………………………..။  “အလင်းရှင်သည် အမှောင်ကို ခွင်းဖို့ကြိုးစားသော်ငြား လူသားတို့၏ စာနာမှုမရှိခြင်းကို […]


တညင္သားApril 3, 20111min23212
တရားရုံးမှာ အမှု့တစ်ခုစစ်ရင်မှန်မှန်ကန်ကန်ထွက်ဆိုပါ့မယ်လို့ ကျန်းကျိန်ရတယ်တဲ့. မဟုတ်မမှန်ထွက်ဆိုခဲ့ရင်ကျမ်းစူးတယ်လို့ ကြားဘူးတယ် ..ဒါနဲ့ပတ်သတ်ပြီးတော့ ကြာဘူးတာလေးတခုပါ.. ကျွန်တော်တို့ ရွာမှာခြံတွေကဈေးပေါပါတယ် တဧကလောက်ကြယ်တဲ့ ခြံဝင်းမှ အလွန်ဆုံးရှိ ၅သိန်းပတ်ဝန်းကျင်ပေါ့နောက်ပြီး လယ်သမားအများစု ဖြစ်တဲ့အတွက်ကြောင့် ရွာနဲ့ မိမိလယ်နဲ့ဝေးတဲ့သူတချို့က ရွာထဲမှာမနေပဲ လယ်ထဲမှာပဲ တောင့်တောင့်တင်းတင်း တဲဆောက်ပြီး မိသားစုလိုက်ပြောင်းရွေ့နေထိုင် ကြတဲ့သူတွေလဲရှိတယ် ခြံအတွက် ဂရမ်တွေ ဘာတွေ မရှိပေမဲ့လဲ ဘိုးစဉ်ဘောင်ဆက်နေလာခဲ့ကြတော့ ဘယ်ဟာဘယ်သူ့ခြံ ဆိုတာ သိနေကြတာပေါ့ ဒီလိုနဲ့ မိသားစု တစ်စုက ပိုင်ရှင်ရှိပြီး အိမ်မရှိတဲ့ ခြံကွက်တခုမှာ အိမ်ဆောက်နေကြတယ် ကျုးကျော် လို့ပြောရမလား..ဒါကပြဿနာမဟုတ် တစ်ရွာထဲနေတဲ့သူ အချင်ချင်း သူတို့ဝင်ရောက်နေထိုင်တာကိုဘာမှ မပြောကြဘူး….. ပြဿနာက ခေတ်တွေပြောင်း ခြံဈေးတွေတက် ပိုင်ရှင်တွေကလဲ သားသမီးတွေ အိမ်ထောင်ကြလေတော့ ရွာထဲမှာရှိတဲ့ ခြံကိုမျက်စောင်းထိုးကြပြီ ဒီလိုနဲ့ ဝင်ရောက်နေထိုင်သူတွေကို ဖယ်ခိုင်းတာ […]


တညင္သားMarch 12, 20111min1365
တောားသားလို့ခေါ်ခံရရင် အရင်တုန်းကတော့ သိပ်မကြိုက် အခုတော့လဲ ရိုးသွားပါပြီ တောသားလို့ခေါ်တဲ့ လူတန်းစားထဲမှာ လယ်သမားဘဝ က သနားဖို့အရမ်းကောင်းပါတယ် ရှေးမြန်မာ ဘုရင်လက်ထက် ကတဲက လယ်သမားတွေဟာ တိုင်းပြည်ကို အလုပ်အကျွေး ပြုနေတယ်ဆိုတာ ငြင်းဖွယ်ရာရှိမယ်မထင်ပါဘူး ခုအချိန်ထိ တိုင်းပြည်စီးပွါးရေးမှာ အရေးပါတဲ့နေရာမှာ ရှိနေပါတယ်..ပုံမှန်စီးပွါး အရ ဆိုရင် ဆယ် ဧက ပိုင်တဲ့ လယ်သမားတဦးဟာ နှောက်ထပ်လုပ်ကိုင်စားသောက်ဖို့ လယ်ယာ , ကား , ဈေးဆိုင် စသဖြင့် ပိုင်ဆိုင်ဖို့ မလွယ်ပါဘူး စပါးဈေးလေး ကောင်းလားဟေ့ ပဲဈေးလေးကောင်လားဟေ့ မေးသံတွေကြားရင် ပီတိဖြစ်တာတော့အမှန်ပါပဲ ပြည်သူ လူထု ကကုန်ဈေးနှုန်း ကျစေချင်ပေမဲ့ တောင်သူလယ်သမားတွေဘဝ ကတော့ဖြင့်…… မြို့သား ၊ မြိုသူ ရာခိုင်နုံးတော်တော်များ လယ်သမား သား၊သမီး၊ မြေး၊ […]