အရပ် ၂၂ လက်မသာရှိသော ဖိလစ်ပိုင်နိုင်ငံသား ဂျန်ရေးဘလာဝင်း Junery Balawing သည်ဇွန်လ(၁၂)နေ့တွင် အသက်(၁၈)နှစ်ပြည့်သဖြင့် ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့၏ ကမ္ဘာ့အသေးဆုံးလူသားအဖြစ် တရားဝင်အသိအမှတ်ပြုလွှာကိုရရှိကြောင်းသိရသည်။သူသည် လက်ရှိ ကမ္ဘာ့အသေးဆုံးလူသားအဖြစ်စံချိန်တင်ထားသူ အရပ်(၂၆ .၄ လက္မ ရှိသော နီပေါနိုင်ငံသား ခါဂျန်ဒရောသာပါမာဂါ၏နေရာကိုရရှိသွားခြင်းဖြစ်ပါသည်။ ယင်းကဲ့သို့ အသိမှတ်ပြုခံရခြင်းကို သူ၏မိခင်ကွန်ဆီယွန်(၃၅)နှစ်နှင့်ဖခင်ရေနယ်ဒို(၃၇)နှစ်တို့က ဂုဏ်ယူလျှက်ရှိကြောင်းသိရသည်။သူတို့သည် ဖိလစ်ပိုင်နိုင်ငံ ဇန်ဘိုအန်ဂါဒယ်နော့တေးမြို့၌နေထိုင်ကြသူများဖြစ်ကြသည်။၎င်းတို့မိသားစုအား မြို့တော်ဝန်မှ ဂုဏ်ပြုဧည့်ခံရန်ဖိတ်ကြားထားကြောင်းသိရသည်။ ဇွန်လ ၁၂ ရက်နေ့တွင ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့ အယ်ဒီတာချုပ် ခရိတ်ဂလန်းဒေးသည် စင်ဒန်ဂန်ဒေသကျမ်းမာရေးလုပ်သားများနှင့်အတူ ဖိလိစ်ပိုင်နိုင်ငံတောင်ပိုင်း ဇန်ဘိုအန်ဂဒယ်နော့တေးသို့သွးရောက်ပြီး ဘလာဝင်းကို တရားဝင်တိုင်းတာမူများပြုလုပ်လျှက် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့၏ကမ္ဘာ့အသေးဆုံးလူသားအဖြစ်အသိအမှတ်ပြုလွာကို ပေးအပ်ခဲ့ကြောင်းသိရပါသည်။ အပြည့်အစုံကို.www.guinnessworldrecords.com မှာသွားရောက်ကြည့်ရူနိုင်ပါသည်။