black chawAugust 3, 20111min1447
အမှားအယွင်းရှိရင်ခွင့်လွှတ်ပေးကြပါခင်ဗျာ။ တစ်ချိန်က  ပြည်တွင်းအခပေးတီဗီချယ်နယ်လိုင်းတွေကိုကြည့်ချင်ရင် receiver တစ်ခုတည်းကို ကိုးသောင်းကျော်ပေးခဲ့ရပါတယ်။ အားကစားနဲ့ ရုပ်ရှင်၊ ကာတွန်းနဲ့  ရုပ်သံစီးရီး တွေကိုကြည့်ချင်ရင် တစ်လအတွက် ကျပ် တစ်သောင်းလေးထောင်တိတိ ပေးကြည့်ခဲ့ရပါတယ်။ ဒါတောင် သတင်းလိုင်းမပါဘူးနော်။ ဗဟုသုတရစေတဲ့ discovery လိုချယ်နယ်တွေမပါသေးဘူးနော်။ သက်တမ်းကုန်သွားလို့ တစ်ရက်လောက်များကျော်သွားခဲ့ရင် စက်ပြန်ဖွင့်ခဆိုပြီး ကျပ်ရှစ်ထောင်ပေးရသေးတယ်ဗျ။ နောက် ဥရောပချန်ပီယံလိဂ်ဘောလုံးပွဲတွေကြည့်ခွင့်ရနေတာကနေ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကစပြီး မလွှင့်တော့ဘူးခင်ဗျ။ ဘယ်သူ့ကိုမှလည်း ကွန်ပလိန့် တက်ခွင့်မရ အင်မတန်မှ မျက်နှာငယ်ခဲ့ရသော အောက်ကျနောက်ကျ customer များဘဝပါခင်ဗျာ။ ဈေးကွက်ဆိုတာ အပြိုင်အဆိုင်ရှိမှတိုးတက်တာတဲ့၊ မနှစ်က sky net ရုပ်သံလိုင်းတွေပေါ်လာတော့ customer တွေရွေးချယ်ခွင့်ရလာခဲ့တယ်။ အခုဆို အရင်က တစ်သောင်းလေးထောင်ပေးကြည့်ခဲ့ရတဲ့ ချယ်နယ်တွေကို ကျပ်ငါးထောင်တောင်မပြည့်တဲ့ဈေးနဲ့ ကြည့်ခွင့်ရလာခဲ့တယ်။ sky net ဘာကောင်းတာလဲ ကျွန်တော် မသိပါ။ […]