ကို ၿပံဳးMarch 24, 20133min2892
နဂါးဦးနှောက်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခြင်း (အပိုင်း-၁) အား ပြန်လည်ဖတ်ရှု့ရန် SSPP/SSA အဖွဲ့ တပ်မတော်နှင့် ဝမ်ဟိုင်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့စဉ်အတွင်း ခေါင်းဆောင်ဖြစ်သူ ပန်ဖနှင့် ခေါင်းဆောင်ပိုင်းအများစု ပန်ဆန်းသို့ သွားရောက်တိမ်းရှောင်ခဲ့ရဖူးသည်။ အပြန်အလှန်အကျိုးစီးပွားများ အတွက် ညှိနှိုင်းမှုများဆောင်ရွက်ခဲ့သည်။ ဝမ်ဟိုင်း၏နောက်ပေါက်မှတစ်ဆင့် ပန်ဆန်းသို့ဆက်သွယ်ရေးလမ်းထွင် ထားသည်။ ပန်ဆန်း၏ ရှေ့ကာအဖြစ်နေပေးမည်။ လိုအပ်သည်များထောက်ပံ့ကူညီပါရန် ညှိနှိုင်းသဘောတူထား သည်။ ဝမ်ဟိုင်းဒေသသည် မြန်မာနိုင်ငံအတွင်းပိုင်းသို့ ရောက်ရှိနေခြင်းကြောင့် မြန်မာ့တပ်မတော်၏ အချိန်မရွေး ချေမှုန်းခြင်းခံရနိုင်ကြောင်း သုံးသပ်လျက် “ ဝ ” တပ်ဖွဲ့နှင့် စစ်ရေးမဟာမိတ်ပြုကာ အားကိုးရှာထားခြင်းလည်း ဖြစ်သည်။ SSPP/SSA တပ်ဖွဲ့ဝင်များ လူ၊ လက်နက်တိုးပွားလာမှုကစဉ်းစားစရာဖြစ်သည် KIO/KIA အဖွဲ့   ဝမ်ပေါင်အိပ်မက်ရှည်ကို မက်ဆဲဖြစ်သည်။ ဗိုလ်ချုပ်ဂွမ်မော်က ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ရွှေလီဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးစကားကို […]


                                                          မေတ္တာဇာတ်လမ်း တစ်ပုဒ် အစာ…ဟုတ်တယ်…လူသူတွေနဲ့ ရှုပ်ထွေးဆူညံနေတဲ့ ဟောဒီ ဘူတာရုံထဲမှာ လွန်ခဲ့တဲ့ နှစ်နာရီကတည်းက မတ်တတ်ရပ်ရင်း မြင်မိ၊တွေးမိ၊ ကြားမိ၊ အနံ့ခံနေမိတာ အစားအသောက်အကြောင်းပါပဲ။ တကယ်လို့ ခင်ဗျားတို့ အစာ မစားတာ နည်းနည်းကြာသွားပြီ ဆိုရင် ဆာလွန်းလို့ အူလိမ်ပြီး တော်တော် ခံရခက်မယ်။ နောက် ခဏ ကြာ […]


မောင်ဘလိုင်December 24, 20121min1579
စမီတာ က သက်ပြင်းရှည်တစ်ချက်ချပြီး – “နာမည်ကျော် ဖလင်စတားတွေမှာ ဒီလို စိတ်ရောဂါ အနုစားတွေ ရှိတတ်တာမျိုးပဲ..သိပ်တော့ မထူးဆန်းပါဘူး.. အဲ..မွန်းတက်ဇ် မဟယ်ကို ငါလည်း ကြည့်ဖူးတယ်..ရွှေလက်ကောက်ပေးတဲ့အခန်းက ဘာ အဓိပ္ပါယ်လဲဆိုတာ သိချင်လိုက်တာ…နီးလိမာက ဟိုသူခိုးကို ဘာပြောလိုက်လဲ…”   “ဟင့်အင်း.. ကျွန်တော်လည်း မကြားလိုက်ဘူးဗျ..အဲ့ဒီအခန်းက လျှို့ဝှက်ဆန်းကြယ်ဖြစ်နေတုန်းပဲ…ကဲ.. ကျွန်တော်တို့ နီးလိမာအကြောင်းဆက်ပြောမလား…ကျွန်တော့် ပဟေဠိပြိုင်ပွဲကို ဆက်ကြည့်မလား…”   စမီတာက မလုပ်ချင် လုပ်ချင်နဲ့ ရီမု ကွန်ထရိုးပေါ်က ပလေး ခလုပ်ကို နှိပ်လိုက်တယ်။   ကြား အားလပ်ချိန် ကြာကြာလေး ပေးထားတဲ့အချိန်ပေါ့။ စတူဒီယိုထဲမှာ လူတွေ ယောက်ယက်ခတ်နေတာပဲ။ ထုတ်လုပ်သူ ဆံရှည်ကိုယ်တော်နဲ့ပရမ်ကူးမားတို့နှစ်ယောက် ထောင့်လေးတစ်ထောင့်မှာ ဘာတွေတိုင်ပင်နေကြ တယ် မသိဘူး။ ကိုဆံရှည်ထွက်သွားတော့ ပရမ်ကူးမားက ကျွန်တော့်ကို […]


မောင်ဘလိုင်December 22, 20121min12910
နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက် အိမ်ကို လာမယ်။ နီးလိမာ ကတော့ စိတ်လှုပ်ရှားလို့ပေါ့။ သူ့စိတ်ထဲတော့ ကင်မရာရှေ့နောက်တစ်ကြိမ် ပြန်ရောက်ရပဟဲ့ ဆိုပြီး ယုံနေရှာတယ်။ မိတ်ကပ်လိမ်း ရတာ၊ အဝတ်အစားရွေးရတာ တစ်နေကုန်ရော ဆိုပါတော့။ ထုတ်လုပ်သူက ညနေကျတော့ ရောက်လာတယ်။ လူကတော့ အရပ်ပုပု၊ ထိပ်ပြောင်ပြောင်၊ ဗိုက်ရွှဲရွှဲပဲ ခင်ဗျ။ ထုံးစံအတိုင်း ဂူလပ်ဂျမန်း ရယ် စမူဆာ ရယ်ကို ဧည့်သည်အတွက် ချပေးရတာပေါ့။ အဲ..အမှုန့်နဲ့ဖျော်ရ တဲ့ ဖျော်ရည် တစ်ခွက်တောင် ပါသေး။ ထုတ်လုပ်သူက နီးလိမာကို ပြောတာတွေကတော့ သူထုတ်မဲ့ ဇာတ်လမ်းမှာ နီးလိမာအတွက် တကယ့် ရိုးလ် ပေးထားတယ်ပေါ့လေ။ “အမယ်.. ဒီကားမှာ နီးလိမာဂျီး အခန်းက တကယ့် နေရာနော်..ကျုပ်ကိုယ်တိုင်ကလည်း နီးလိမာဂျီး ရဲ့ အမာခံ […]


တစ်ညနေတော့ နီးလိမာက ကျွန်တော့်ကို ခေါ်ပြီး ပြောတယ်။ “ရမ်…မနက်ဖြန် မင်း ဂတ်ကိုပါက တန်းလျားမှာပဲ နေကွယ်..တစ်ရက်ပါပဲ..ငါ့ကိုယ်ရေးကိုယ်တာလေး ရှိလို့…” “ဒါပေမဲ့..ဟို..ဘာလို့…” “မေးခွန်းတွေ မမေးနဲ့..ငါပြောတဲ့အတိုင်းသာ လုပ်..ဟုတ်လား..” ကျွန်တော် အထွန့်တက်ဖို့ လုပ်တော့ သူ့လေသံက မာမာပြတ်ပြတ်ဖြစ်သွားတယ်လေ။ ဒီလို တန်းလျား ပြန်နေဖို့ပြောတာ သုံးလအတွင်း သုံးကြိမ်ရှိတယ်။ ကျွန်တော် သိပါတယ်..ကျွန်တော်မရှိတဲ့အခါကျရင် သူ့ချစ်သူနဲ့ အေးဆေးနေလို့ရတာလေ။ ကျွန်တော်ရှိနေရင် ဘယ်လွတ်လပ်မလဲ။ အဲဒါကြောင့် နေမှာပေါ့။ တစ်ခါကျတော့ ကျွန်တော့်ကို တန်းလျားပြန်နေခိုင်းတဲ့အခါမှာ သူပြောတဲ့အတိုင်း တိတိကျကျ မလုပ်ဘူး။ မနက် ခုနစ်နာရီ ပြန်လာရမဲ့အ စား မနက် ငါးနာရီကတည်းက ကျွန်တော် သူ့အခန်းနားမှာ ချောင်းနေတာ။ သေချာသလောက်ပဲဗျ။ မနက် ခြောက်နာရီ ထိုးတော့ အိမ်ခန်းတံခါးပွင့်လာပြီးတော့ ယောက်ျားတစ်ယောက် ထွက်လာတယ်။ […]


နီးလိမာ ရဲ့အမေ ဘွားတော်ကြီးလည်း ကျန်းမာရေးက တဖြည်းဖြည်း ဆိုးလာတယ်။ ချောင်းတွေဆိုး၊ ညည်းညူနေတဲ့အချိန်တွေ ပိုများလာ တယ်။ပြီးတော့ တဆူဆူ တပူပူ လုပ်နေတာကလည်း သည်းမခံနိုင်လောက်အောင်ပဲ။ သူ့ကျန်းမာရေး အခြေအနေကို အမြဲတမ်း ဇီဇာချဲ့..ဟိုလိုလုပ် ဒီလိုလုပ်၊ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ဟာ…တစ်ချိန်လုံး ပွားနေတာ၊ နီးလိမာ ကိုတောင် ချမ်းသာမပေးဘူး။ နီးလိမာကိုလည်း ငါကနင့်ကိုမွေးပေး ထားတဲ့ အမေဟဲ့…ညည်းမှာ ပြုစုရမယ့် ဝတ္တရား ရှိတယ်…သေချာလုပ်စမ်း…ဘာညာနဲ့ အဲဗား ပွားနေတော့တာ..။နီးလိမာလည်း အာရုံတော့ နည်း နည်းနောက်နေလောက်ပြီ ထင်တာပဲ။ ကျွန်တော်လည်း အပြင်ထွက်ပြီး တစ်ခုခု ဝယ်တာအပြင် ဘွားတော်ကြီး ဆေးဝါးတွေ ထွက်ဝယ်ရတာ နေ့တစ် ဝက်လောက် အချိန်ကုန်နေတော့တာ။ ပြီးရင် သူ့ကို အချိန်မှန် ဆေးတိုက်။ ဆေးလုံး ဆေးခဲ […]


ကျွန်တော်နဲ့ နီးလိမာ ဈေးဝယ်ထွက်ကြတယ်။ သူ့မှာ ကိုယ်ပိုင်ကားမရှိတော့ တက်စီနဲ့ လစ်ရတယ်လေ။သူနဲ့ ဈေးဝယ်သွားရင်စိတ်ညစ်စရာကြီးဗျာ။ တကယ်။သူဝယ်တာ အလှကုန်ပစ္စည်းနဲ့ အဝတ်အစားပဲ။ မက်ဒေါ်နယ်တို့ ပီဇာဟတ် တို့ များ ဘယ်တော့မှ မသွားဘူး။သူဝယ်ထားသမျှ အိတ်ကြီးအိတ်ငယ်အသွယ်သွယ်ကို တနင့်တပိုးသယ်ပြီး သူ့နောက်လျှောက်လိုက်ရတယ်..ကျွန်တော့်အတွက်တော့ ဘာမှ..တစ်ခါမှ တောင်ဝယ်မပေးဖူးဘူးဗျာ..။ ဒီနေ့ အထည်ဆိုင်တစ်ဆိုင်ကို ဝင်ကြတယ်။ တကယ်ဈေးကြီးတဲ့ ဆာရီတွေရောင်းတာ။ရာနဲ့ချီတဲ့ ဆာရီတွေကို နှစ်နာရီလောက်လျှောက်ကြည့်ပြီး သုံးထည်ဝယ်တယ်။ ရူးပီးငါးသောင်းဖိုးပဲ။အဲဒါ ကျွန်တော် နှစ်နှစ်လုပ်အားခလောက် ရှိတာပေါ့။ကျွန်တော်တို့လည်း ဆိုင်ထဲက ပြန်ထွက်ရော ကျောင်းဝတ်စုံဆင်တူနဲ့ကောင်မလေးတစ်သိုက် အနားကပ် လာကြတယ်။ သူတို့ကြည့်ရတာ စိတ်လှုပ်ရှားနေတဲ့ပုံပဲဗျ။ သူတို့အထဲက ခပ်သွက်သွက်တစ်ယောက်က – “တဆိတ်လောက်ရှင်…ဒီမယ်..အန်တီက ရုပ်ရှင်မင်းသမီး နီးလိမာ ကုမ္မာရီ လားမသိဘူးနော်…” “ဟုတ်ပါသတဲ့ရှင်..” နီးလိမာက ကျေကျေနပ်နပ်ကြီး ပြန်ဖြေလိုက်တယ်။မေးတဲ့ကောင်မလေးက သူ့အဖွဲ့ဘက်ပြန်လှည့်ပြီး – […]


အဆွေးဘုရင်မ အကြမ်းအရမ်း နဲ့ ဟာသလေးတွေ ရောစွက်ထားတဲ့ ဒရာမာ ဇာတ်လမ်းတွေဟာ နောက်ဆုံးမှာတော့ ကြေကွဲစရာနဲ့ ဇာတ်သိမ်းတာမျိုး။ နီးလိမာ ကုမ္မာရီ နဲ့ အတူနေခဲ့ရတဲ့ အချိန်တွေကို အတိုဆုံး ဖော်ပြနိုင်ဖို့ ရုပ်ရှင်စကားလေးနဲ့ ပြောရ ရင် အလွမ်းနဲ့ ဇာတ်သိမ်း တယ်လို့ပဲဆိုရမယ်။ ဟုတ်တယ်..ကျွန်တော် သူ့ဆီမှာ အလုပ်လုပ်ခဲ့ဘူးတာ..ဂျူဟူးမှာရှိတဲ့ သူ့တိုက်ခန်းမှာပေါ့..သုံးနှစ်နီးပါးပါပဲ။   ဘယ်တုန်းကစသလဲဆိုတော့ ကျွန်တော်နဲ့ ဆလင်း မာမန်းလက်ကလွတ်ပြီး ထွက်ပြေးလာတဲ့ နောက်ပေါ့။ မြို့ပတ်ရ ထားစီးပြီးတော့ဂျူဟူးမှာ ကျွန်တော်တို့ ဆင်းတယ်။ နီးလိမာ ရဲ့ အိမ်ကို ကျွန်တော်တို့နှစ်ယောက် လမ်းလျှောက်ပြီးသွား ကြတာ။ တိုက်ခန်းရှေ့ရောက်တော့ တံခါးက ဘဲလ် ကို နှိပ်ပြီးတော့ စောင့်ကြတယ်။   တော်တော်ကြီးကြာမှ တံခါးကပွင့်လာတယ်။ အမျိုးသမီးတစ်ဦး ကျွန်တော်တို့ရှေ့မှာ […]


“ရင်တုန်ပန်းတုန် အဖြစ်တွေပါလားဟ ဆလင်းရ..စောက်ကျိုးနည်း..” ကျွန်တော်လည်း သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး မရှင်းတာလေးတွေ ထပ်မေးရတယ်။ “ဒါနဲ့ စာအိတ်ထဲကဟာတွေ ရစ်ဇ်ဝီဆီမင်းယူသွားတော့ အာမက်ကြီးက မင်းလုပ်မှန်းသိသွားတော့မပေါ့..အဲဒီညနေဖုန်းရတဲ့ အခါကျတော့ စာအိတ်ပျောက်နေပြီဆိုတာ သူသိသွားပြီလေ..မဟုတ်ဘူးလား” “ဟေ့အေး…ငါလုပ်တာ သူမသိပါဘူး..ဘာလို့ဆိုတော့ ညနေစောင်းလို့ အာမက်ပြန်လာတော့ စာအိတ်ကို သူတွေ့တယ်လေ..” “အယ်…ဒါ..ဒါဖြင့် အာမက်က ရစ်ဇ်ဝီကို သတ်တော့မှာပေါ့..” “မသတ်ပါဘူး…စာအိတ်ထဲမှာ တခြားဓာတ်ပုံတစ်ပုံနဲ့ လိပ်စာတစ်ခု ထည့်ထားလို့လေ…တို့နေတဲ့နားက စာစီစာရိုက် သင်တန်းတစ် ခုမှာ သွားရိုက်ခိုင်းလိုက်တာ..” “ဟေ…ပိုင်သကွာ..အဲ..တကယ်မရှိတဲ့ တွေ့ကရာ လိပ်စာရိုက်ထည့်လိုက်တာပေါ့..ဟုတ်လား..ဒါပေမဲ့..ဓာတ်ပုံကျတော့ရော ဘယ့်နှယ်လုပ်သလဲ..” “အဲဒီလိုမျိုးတော့ မလုပ်တတ်ပါဘူးကွာ..ငါမလုပ်ပါဘူး…အာမက်ကို ငါထည့်ပေးလိုက်တာ တကယ့် ဓာတ်ပုံအစစ်နဲ့ တကယ့် လိပ်စာ ပါ..ပြီးတော့ သူလည်း တကယ်သွား ဆော်ထည့်လိုက်တယ်လေ..အေး..သူလူမှားပြီးသတ်တာ မသိခင် ဘီဟာကို အ ရေးတကြီးသွားဖို့ရှိလို့ဆိုပြီး သူ့အလုပ်ကနေထွက်လာခဲ့တယ်…နောက်တော့ ဟိုမှာပုန်းနေလိုက်..ဒီမှာ ပုန်းနေလိုက်နဲ့ပေါ့ကွာ.. […]


“နောက်တစ်လလောက်နေတော့ နောက်ထပ် စာအိတ်အဝါတစ်လုံး ရောက်လာပြန်ရောဟေ့..အာမက် အပြင်ထွက်နေတုန်း ဆိုတော့ ငါလည်း စာအိတ်ထဲပါတဲ့ဟာ ကြည့်ချင်လွန်းတာနဲ့ ရေနွေးငွေ့နဲ့ပေးပြီး စာအိတ်ကို ဖွင့်ကြည့်ရောကွ..ထုံးစံအတိုင်း ကာလာဓာတ်ပုံတစ်ပုံပါတယ်..လက်နှိပ်စက်ရိုက်ထားတဲ့ စာရွက်တစ်ရွက်ပါတယ်…ဓာတ်ပုံက နှုတ်ခမ်းမွှေးထူထူနဲ့ လူရွယ် တစ်ယောက်ပုံပဲ..မျက်နှာမှာ အမာရွတ်ကြီးတစ်ခုလည်းပါတယ်ကွ..ဘယ်ဘက်မျက်လုံးကနေ နှာခေါင်းနားထိရှည်တဲ့ အ မာရွတ်ကြီး..စာရွက်မှာတော့ ဒီလိုရေးထားတာ.. အမည်     း   ဂျမဲ ကစ်ဒ်ဝါအီ အသက်   း   ၂၈ လိပ်စာ    း   အမှတ် ၃၅ ရှီလာဂျစ် အိမ်ယာ၊ ကိုလာဘာ။ ငါလည်း ဓာတ်ပုံ နဲ့ နာမည်တွေ ဘာတွေ သေချာခေါင်းထဲ မှတ်ထားပြီးတော့ စာအိတ်ထဲကို ခြေရာလက်ရာ မပျက် အသာ လေး ပြန်ထည့်ထားလိုက်တယ်..”   “ညနေကျတော့ အာမက်ပြန်လာတယ်..ပြီးတော့ စာအိတ်ကိုကြည့်တယ်..နောက် ဖုန်းလာတယ်..အရင် တစ်ခါက […]


“ဆတ်တား ဆိုတာ ဘာလဲဗျ..ဆိုပြီး မသိလို့ သူ့ပြန်မေးရတာ..မင်းရော သိလား မိုဟာမက်..အေး သူပြောတာက အဲဒီ ဆတ်တား ဆိုတာ တရားမဝင် လောင်းကစားနည်းတစ်ခုပေါ့ကွာ..မွမ်ဘိုင်းမှာ ရှိတဲ့ တကယ့် မြေအောက်ဒုစရိုက် အဖွဲ့ ကြီးတွေ စုပေါင်း လုပ်တာတဲ့..တစ်နေ့တစ်နေ့ အဲဒီ လောင်းကစားမှာ လှည့်နေတဲ့ ငွေက ရူးပီး သန်းပေါင်းတော်တော် များ ဆိုပဲ.. အာမက်က လက်ကြီးတဲ့ လောင်းကစားသမားတစ်ယောက်ပေါ့…ဒီအိမ်နဲ့ ဟောဒီ တီဗီတို့ စတဲ့ ပစ္စည်းမှန် သမျှဟာ လောင်းကစားက နိုင်တဲ့ ပိုက်ဆံနဲ့ ဝယ်ထားတာကွ လို့ သူက ငါ့ကို ပြောတယ်..သူက ဆက်ပြီး ပြောသေး တယ်..လွန်ခဲ့တဲ့ သုံးနှစ်လောက်က အိန္ဒိယ နဲ့ ဩစတေးလျ ပွဲမှာ ငါ သူဌေးဖြစ်ခွေးဖြစ် အချီကြီး […]


“မင်း သိပါတယ်..ရုပ်ရှင်တွေထဲ ဒီလိုအခန်းမျိုး ဆိုရင် ဇာတ်လိုက်ကထပြီး လူလူချင်း ကရုဏာထားဖို့ ဘာညာနဲ့ ဒိုင် တွေ လွှတ်ပြီး မေတ္တာရပ်ခံမှာလေ…အဲဒီလို ဒိုင်ယာလော့ဂ်တွေ ငါသိပ်ရတာပေါ့ကွာ..ဒါပေမဲ့ တကယ်လည်း နဖူး တွေ့ ဒူးတွေ့လည်း ဖြစ်ရော အကုန်လုံးမေ့ကုန်တော့တာပဲ..ရုပ်ရှင်ရိုက်နေတာမှ မဟုတ်တာ ..တကယ်ဆော်မဲ့ ငနဲ တွေလေ..အဲဒီအချိန် ငါစိတ်ထဲ သိတာတစ်ခုကတော့ ငါမသေချင်သေးဘူး ဆိုတာပဲ..မင်းသားဖြစ်ဖို့ ဆိုတဲ့ ငါ့စိတ် ကူးယဉ် အိပ်မက်လေး လက်တွေ့ဖြစ်မလာသေးဘူးလေ..အိပ်မက်ကလေးနဲ့အတူ အိပ်မက်မက်နေတဲ့ငနဲလေးပါ မွမ်ဘိုင်းရဲ့ ဘတ်စ်ကားတစ်စီးပေါ်မှာ ပျက်စီးလောင်မြိုက်တော့မှာပါလားဆိုတဲ့ ကြောက်လန့်မှုက ငါ့ကို အပြင်း အထန်  တုန်လှုပ်စေတော့တာပဲ..”   “လူရမ်းကားအဖွဲ့က ခေါင်းဆောင်က မင်းနာမည်ဘယ်သူလဲ လို့ ငါ့ကိုမေးတယ်..။ ရမ် တို့ ကရှစ်နား တို့ ငါပြောနိုင်သား ပေါ့ကွာ..ဒါပေမဲ့..ပါးစပ်က အာစေးမိနေသလို […]


လူသတ်လိုင်စင်   မွမ်ဘိုင်းမြို့က လမ်းတွေပေါ်မှာ သတိမထား ဘာမထားနဲ့ ယောင်ပေပေ လျှောက်သွားမယ်ဆိုလို့ရှိရင် အာရုံနောက်စရာ အန္တရာယ်အဖုံဖုံက နေရာတိုင်းမှာ ရှိနေတတ်တယ်။တောင်ငေး မြောက်ငေးနဲ့ လျှောက်ရင်း ငှက်ပျောခွံတက်နင်းလို့ ချော်လဲနိုင်တယ်။ ခွေးချေးပုံ လတ်လတ်ဆတ်ဆတ်ကြီး တက်နင်းမိနိုင်တယ်။ ဝရုန်းသုန်းကား ပြေးလာတဲ့ နွားအုပ်တွေ နောက်ကနေ ဝင်တိုးသွားနိုင်တယ်။ မတွေ့ချင်လို့ ရှောင်နေရတဲ့ သူငယ်ချင်းတစ်ယောက် ယောက်က ကသောင်းကနင်းသွားလာနေတဲ့ လူတွေ ယာဉ်တွေကြားကနေ ဗြုန်းဆိုပေါ်လာပြီး ပြေးဖက်နိုင်တယ်။ အဲဒါမျိုး ကျွန်တော်ကြုံတွေ့ခဲ့ရတာပဲ။ ဂျွန်လ ၁ရ ရက်နေ့က မဟာလက်ချမီး မြင်းပြိုင်ကွင်းရှေ့မှာ ဆလင်း နဲ့ ကျွန်တော် ဝင်တိုးမိကြတယ်။သူ နဲ့မတွေ့တာ ငါးနှစ်လောက်ရှိရောပဲ။   *******************   အက်ဂရာ ကနေ မွမ်ဘိုင်းကိုစရောက်တဲ့ လွန်ခဲ့တဲ့သုံးလလောက်ကတည်းကပဲ ဆလင်းနဲ့ မဆက်သွယ်ဖို့ […]