erosMarch 4, 20111min18415
အချိန်ကား နေမွန်းတည့်ခါနီး ၁၂ နာရီထိုးလုထိုးခင်။ နေရာကား လှိုင်မြို့ နယ်အတွင်းရှိ လမ်းသွယ်လေး နေရာတနေရာ။ အဆိုပါ လမ်းသွယ်လေးသည် လူအသွားအလာပြတ်၏။ လမ်းသွယ်လေးသည် ကားတစီးစာ ဝင်နိုင်သောပမာဏသာရှိပြီး ကားမောင်းဝင်နိုင်သော နေရာကား တိုတောင်းလှပြီး လမ်းအဆုံး၌ ညာဖက်သို့ ချိုးဝင်သွားသော လူသွားနိုင်လောက်သော လမ်းလေးရှိလေသည်။ မလှမ်းမကမ်းတွင် စက်ရုံကြီးတခု၏ နောက်ကျောအားတွေ့ရလေသည်။ လမ်းသွယ်လေး အတွင်းပိုင်းတွင် နေအိမ်တန်းလျားတခုရှိလေသည်။ ထိုလမ်းသွယ်လေး၌ လူမနေသောအဆောက်အဦးတခုရှိ၏။ ထို အဆောက်အဦး၏ နံဘေး၌ ကွက်လပ်တခုရှိလေသည်။ ထိုကွက်လပ်ငယ်တွင် ယောက်ျားအနည်းငယ်နှင့် မိန်းမတချို့ တို့ ပါဝင်သော အုပ်စုတစု သည် ကျိတ်ကျိတ် နှင့် လှုပ်ရှားနေလေသည်။ ၎င်းအုပ်စုမှ ဖြစ်ဖွယ်ရာရှိသော မိန်းမတယောက်သည် သူတို့၏လုပ်ရပ်အား လုံခြုံမှု မရှိ၍ ပတ်ဝန်းကျင်နှင့် လမ်းပေါက်ဝအား ကျီးကန်တောင်းမှောက် ကြည့်နေလေသည်။ […]