smytu1996October 22, 20101min520
ယူအီးအက်ဖ်အေဖလား ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ရန် ရောက်ရှိနေသော လီဗာပူးလ်အသင်း ပရိသတ်အချို့ကို နာပိုလီ အသင်းပရိသတ်အချို့က တိုက်ခိုက်ခဲ့ရာ အချို့မှာ ဓါးထိုးခံရပြီး ဆေးရုံသို့ တင်ပို့လိုက်ရသည်။ လီဗာပူးလ်မြို့မှ အသက် ၅၃ နှစ်အရွယ်ရှိ အမျိုးသားကြီး တစ်ဦးမှာ ထိခိုက်ဒဏ်ရာ အတော်လေးပြင်းထန် ပြီး အသက် ၂ရ နှစ်ရှိ လူရွယ်တစ်ဦးမှာ ဝမ်းဗိုက်နှင့် ပေါင်အထက် ်ပိုင်းတို့၌ ဓါးဖြင့် ထိုးသွင်း ဒဏ်ရာများ ရရှိခဲ့သည်။ “အခုလက်ရှိအချိန်အထိ အမျိုးမျိုးသောပြဿနာတွေ ဖြစ်ပွါးနေပါတယ်။ လူသုံးယောက်လဲ ဓါးနဲ့ အထိုးခံ ထားရပါတယ်။ လီဗာပူးလ် ပရိသတ် ၂ ယောက်က ဆေးရုံပေါ် တင်ထားရပြီး ဘောလုံးပွဲ ကြည့်နိုင်တော့မှာ မဟုတ်ဘူး။ အခြား ပရိသတ်တစ်ယောက်လဲ ဓါးထိုးခံရပါတယ် ဒါပေမယ့် သူက ပွဲသွားချင်စိတ်ကြောင့် […]