မြန်မာရာဇဝင်တွင် အခြားအခြားသောမင်းများနှင့် မတူဘဲ ပြင်းထန်သောဇာတ်ကြောင်းဖြင့် ထီး နန်းစိုက်တည်ခဲ့သော ဦးအောင်ဇေယျ။ အခြားသောမင်းများက ထီးနန်းဆက်ခံခြင်းဖြင့် မင်းပြု ခဲ့သော်လည်း ရွာတစ်ရွာ၏သူကြီးအဆင့်မှနေ၍ မြန်မာ့ထီးနန်းပလ္လင်ပေါ် လှမ်းတက်နိုင်ခဲ့သော ဦးအောင်ဇေယျ။ ထိုဦးအောင်ဇေယျ မိမိကိုယ်ကို ရှင်ဘုရင်လုပ်ခဲ့ပုံကိုနားလည်ရန်မှာ တိုက်ပွဲများ တွင် အောင်ပွဲအလီလီရခဲ့သော စစ်မက်ရေးရာထူးချွန်မှုတင်မက ခေတ်အခါ၏ လူမှု-နိုင်ငံရေး ဆက်စပ်အခြေအနေကို ခွင်ချချိန်ညှိတတ်ခြင်းကြောင့်ဖြစ်သည်။ ဘုရင့်ရိုက်ရာကို ရထိုက်သူ၊ တရားဝင်ရှင်ဘုရင်ဖြစ်ရန် မင်းရိုးပေါက်ပြီးသူဟူသော အသိအမှတ် ပြုခြင်းကို လက်တွေ့ကျကျရယူရန် ဦးအောင်ဇေယျသည် လူမှု-နိုင်ငံရေးကို ခွင်ချချိန်ညှိနိုင်ခဲ့ သည်။ ဗုဒ္ဓဘာသာဝင်များ၏ စကြဝဠာဗေဒတွင် ဘုန်းရှင်ကံရှင်ဟူသောအယူနှင့် ကိုက်ညီရန် ဦးအောင်ဇေယျသည် ရှင်ဘုရင်ဖြစ်ရန် ကံကြမ္မာကကြိုတင်ပြဌာန်းပြီးသူအဖြစ် မိမိကိုယ်ကို ပုံသွင်း ထားနိုင်ခဲ့သည်။ လက်တွေ့တွင်လည်း ဦးအောင်ဇေယျ၏ ထကြွမှုကိုကြေငြာခဲ့သော သဘာဝလွန် နိမိတ်လက္ခဏာများက ဦးအောင်ဇေယျကို ရှင်ဘုရင်အဖြစ် အကြွင်းမဲ့အတည်ပြုပေးခဲ့သည်။ […]