ムラカミNovember 28, 20119min24833
ခေါင်းစဉ် သည်လို တပ်လို့တော့ ကျနော့်ကို ဗွေ မယူစေချင်ဘူးခင်ဗျာ.. intellectual rights နဲ့ ပါတ်သတ်ပြီးတော့ ဟုတ်ဟုတ်ငြားငြား မသိသော်ငြား ကျနော် ရင်ဆိုင် ဖြတ်သန်းနေတဲ့ fields တွေထဲကမှ ကျနော်တို့ဆီမှာ Copyright မရှိသေးတဲ့အတွက် ကောင်းနေသေးတာလေးတွေ သူများထက် လုပ်လို့ရနေသေးတာလေးတွေ တင်ပြချင်လို့ပါခင်ဗျ.. အမှားပါရင် ဝေဖန် ထောက်ပြပါဦးနော် .... ကျနော်တို့ ညီငယ်ညီမငယ်တွေ အတွက် တစုံတခုရမယ်ဆိုရင်ဖြင့် ကျနော် အဆဲခံရမယ်ဆိုလည်း ..(မြို့မေတ္တာခံယူဦးမယ့် - အဘလေသံဖြင့်) ဦးဖွတ်ကျား .... ပီစီတွေ ကိစ္စက စပြောမယ်ဗျ ... ဦးဖွတ်ကျား ငယ်ငယ်က ပီစီဆင်တယ်.. မားသားဘုတ် ကအစ CPU အလယ် HDD အဆုံး ၁လုံးချင်းစီဝယ်ပီး တခုချင်း ဆင်ယူတာ... […]