Team XSeptember 8, 20101min1498
ဒီပုံကတော့ “အထူး”ဆိုပြီး တံဆိပ်တက်ထားတဲ့ အထူးကားတစ်စီးပေါ်မှ ရိုက်ကူးထားသောပုံ ဖြစ်ပါတယ်။ ဒီတော့ အထူး ဆိုတာ ဘာလဲလို့ ပြန်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တယ်။ ကျွန်တော်တို့ ခရီသယ်တင် မော်တော်ယဉ်လိုင်းထဲကို ပထမဆုံး စတင်ဝင်ရောက်လာတဲ့ အထူးကားကတော့ ပုဂ္ဂလိကလို့ ပြောကြတဲ့ “ရွှေဧည့်သည်” အထူး ယဉ်လိူင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက အထူးဆိုတာ ဘာမှန်းမသိခဲ့ကြသေးတဲ့ ခရီးသွားပြည်သူတွေမှာ အထူး ဆိုတာ ဒါကြိးလာဆိုတဲ့ အချိန်ဖြစ်ပါတယ်။ အဲ့ဒီအချိန် ပေါ်ကာစတုန်းက အထူးကားဆိုတာ အဆင့်အတန်းခွဲခြားလိုက်သလို့မျိုး ခံစားခဲ့ရတဲ့ ပြည်သူတွေထဲမှာ ကျွန်တော်လည်း တစ်ဦး အပါအဝင်ဖြစ်ခဲ့ပါတယ်။ ရိုးရိုး ဘက်စ်ကားခ ၅ဝ ကျပ် ၊ ၁၀ဝ ကျပ်လောက်သာ ပေးရချိန်မှာ အထူးကားဆိုသော် ရွှေဧည့်သည် ကားကြီးများမှာ ၂၀ဝ ကျပ်မှာ […]


Team XSeptember 8, 20101min1935
ကျွန်တော် ဒီခေါင်းစဉ်လိုမျိုးတွေကို ရေးချင်နေတာ ကြာပါပြီ။ အကြောင်းအမျိုးအမျိုးကြောင့် မရေးဖြစ်နေတာပါ။ ဒီတော့ ခေါင်းစဉ်မှာရေးထားတဲ့အတိုင်း ရန်ကုန်မြို့မှာ လက်ရှိပြေးဆွဲလျက်ရှိတဲ့ 200 ကျပ်တန် အထူးဘက်စ်ကားများ အကြောင်းကို တစေ့တစောင်းလေးဖြစ်ဖြစ် တီးမိခေါက်မိ လေး ဖြစ်ဖြစ် ရေးလိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့နေ အလုပ်သမားလူတန်းစားအလွှာတွေဆိုတာ တစ်နေ့မိုးလင်းလာယင် အိပ်ယာထ ၊ မျက်နှာသစ် ၊ ရေချိုး ၊ သွားတိုက် ဆိုသလိုပဲ အခြေခံကျောင်းစာအုပ်ထဲကလို နေတဒူဝ လုပ်ပြီးတဲ့ နောက်မှာတော့ အလုပ်ခွင်ကို အပြေးအလွှား သွားရောက်ရန်အတွက် အိမ်ကထွက် ဘက်စ်ကားမှတ်တိုင်မှာ ရပ် ၊ ကိုယ်အလုပ်ခွင်ကို ရောက်မယ့် ကားကို ဗျိုင်းတွေ ငါးကို မျှော်နေသလို မျှော်နေကြရပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက ယနေ့စီပွားရေးဟာ ဈေးကွက်စီးပွားရေး ဖြစ်တာနဲ့ […]