weiweiNovember 10, 20105min1459
ရေခဲကမ္ဘာ နှင်းကမ္ဘာတွေနဲ့အတူ စိန့်ဆိုဖီရာ ဘုရားကျောင်းကလဲ ဟာ့ပင်းမြို့မှာ နံမည်ကြီးပါတယ်။ မြို့လယ်ခေါင်တည့်တည့်မှာပါ။ အဲဒီဘုရားကျောင်းကို ၁၉၀ရ ခုနှစ်မှာ ရုရှားတွေဝင်ရောက်လာစဉ်က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အရှေ့အာရှတခွင်မှာ အကြီးဆုံး (outhodox church) ဖြစ်ပါတယ်။ ၅၃ မီတာ မြင့်ပြီး ၇၂၁ စတုရန်းမီတာရှိပါတယ်။ ၁၉၉ရ ခုနှစ်ကစပြီး ပြတိုက်တစ်ခုအနေနဲ့သတ်မှတ်ပြီး ခရီးသွားဧည့်သည်တွေကို ပြသခဲ့ပါတယ်။ ဗိသုကာလက်ရာတွေက ထူးခြားပါတယ်။ အပြင်ဘက်ကနေကြည့်ရင် ရုရှားက မော်စကိုမြို့နဲ့ တူတယ်လို့ပြောကြတယ် (သူများပြောတာ .. မော်စကိုမရောက်ဖူးပါ)။ အဲဒီကိုရောက်တုန်းက ဘုရားကျောင်းထဲဝင်ကြေးက ၃ဝ ယွမ်မို့လို့ ဝင်ရမှာ နှမြောနေသေးတယ်။ ဒါပေမယ့် ဝင်ကြည့်ခဲ့မိလို့ အခုလို ဓါတ်ပုံတင်နိုင်တာမို့လို့ ဝင်ကြည့်မိတာ တန်သွားတယ်လို့ပဲ ထင်မိပါတယ်။ ခရစ်ယာန်ဘုရားကျောင်းတစ်ခုအနေနဲ့ ဗဟုသုတကြည့်ရအောင် တင်ပေးလိုက်ပါတယ် …..