ဆိုုး tMarch 4, 20123min1464
ကျနော်လေးပေါက်တင်တဲ့ ဒါ့ပုုံတွေကိုုကြည့်ပီးနေထွက်တာကိုုရိုုက်ချင်နေတာကြာပီဗျ ဒါနဲ့ကျနော့်သူငယ်ချင်းတွေကိုု မန်းလေးတောင်တက်မယ်ဆိုုပီးတော့ခေါ် မနက်၅ခွဲသွားမယ်ပေါ့ ပြောတုုန်းကတော့အဟုုတ်ပါဘဲ မနက်ရောက်တော့ဘယ်သူမှမထကြပါဘူး နှိုးစက်မြည်ရင်စက်ပိတ် ပြန်အိပ် ပီးရင်တစ်ယောက်နဲ့တစ်ယောက်ဖုုန်းလှမ်းဆက် ဒီနေ့နောက်ကျသွားလိုု့မတက်တော့ဘူး အေးရော… ပြန်အိပ်တာပဲ အဲ့လိုုဖြစ်တာကိုုလေးခါလောက်ရှိဘီဗျ ဟိုုနေ့ကတော့ကျနော်တိုု့သူငယ်ချင်းတွေတိုုင်ပင်ပီးတော့ ရအောင်ထမယ်ဆိုုပီး ထလိုု့သွားကြပါတယ် ဒီလိုုနဲ့ဒါပုုံလေးတွေရိုုက်ဖြစ်တယ်ပေါ့ဗျာ…………………………. နေထွက်တာကိုုဒီလောက်ပဲမှီလိုုက်တယ်ဗျ ကျနော်ကတောင်ဘက်လှည့်ရိုုက်ပီးဈာန်ဝင်နေတုုန်း ထွက်လာတာ သိတဲ့အတိုုင်းပဲနေထွက်တာလည်းမြန်တော့ ဒီလောက်ပဲမှီလိုုက်တယ်ဗျာ တစ်ကယ်တမ်းကပန်းပွင့်လှလှပပလေးနဲ့ ရိုုက်မလိုု့ အဲ့နားလေးမှာ ပန်းပွင့်ကလည်းမရှိ ဒီလိုုသစ်ရွက်တွေပဲရှိတယ် နောက်တစ်ချက်ကနေရာအခက်အခဲကြောင့် ရှိတာလေးနဲ့ရိုုက်လိုုက်တာပါ