Diamond KeyFebruary 27, 20124min25716
မန္တလေးနဲ့ ပတ်သက်တဲ့ သီချင်း၊ စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဓါတ်ပုံ မထွေထွေမှာ အမြဲပါတတ်တဲ့၊ မန္တလေး နဲ့ အမြဲတွဲမြင်ကြားရတဲ့ မန္တလေးတောင်ကိုတော့ လူတိုင်း မြင်ဖူးသိဖူး၊ ရောက်ဖူးကြမှာပါ။ ဟိုတုန်းကဆိုရင် ခြင်္သေ့ကြီးနှစ်ကောင်က ကြိုနေတဲ့ တောင်ဖက်စောင်းတန်း လှေကားထစ်ကလေးတွေ ကနေ တောင်ပေါ်ကို တက်ခဲ့ကြပြီး အခုတော့ တောင်တက်ကားလမ်းကနေ ကားလေးတွေ၊ ဆိုင်ကယ်လေးတွေနဲ့ပါ တောင်ထိပ် ရင်ပြင်တော်ဆီ တက်လို့ရနေပါပြီ။ အဲဒီ တောင်တက်လမ်းကလေးက မနက်စောစော နဲ့ ညနေပိုင်းတွေမှာ မန္တလေးသူ၊ မန္တလေးသားတွေ ကျန်းမာရေးအတွက် တောင်တက် လမ်းလျှောက်ရာ နေရာလေးတစ်ခု အဖြစ်တောင် စည်ကားနေပါပြီ။   တောင်တက်လမ်းမှာ ကိုယ်လက်လှုတ်ရှား အားကစား ခုတော့ ကမ္ဘာမှာ လည်ပတ်ချင်စရာ အကောင်းဆုံးနိုင်ငံတွေ စာရင်းဝင် မြန်မာရဲ့ မန္တလေးက […]